Wednesday, March 16, 2016

မကွေးမြို့နယ် ညောင်ပင်သာရွာလုံးကျွတ် မီးလောင်ခဲ့တဲ့အတွက် အစားအသောက်နဲ့သောက်သုံးရေလိုအပ်နေ

မကွေးတိုင်း ညောပင်သာကျေးရွာမှာမှာ မတ်လ ၁၆ ရက်နေ့ ၁၂ နာရီခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၂၀၀ ခန့်မီးလောင်ကျွမ်းခဲ့တဲ့အတွက် အစားအသောက်နဲ့ သောက်သုံးရေလိုအပ်နေတယ်လို့ ညောင်ပင်ရွာဒေသခံတွေထံက သိရပါတယ်။ “မီးလောင်ချိန်က ၂ နာရီလောက်ကြာတယ်။ ဘာပစ္စည်းမှ မရဘူး။အခုလောလောဆယ်တော့ အစားအသောက်နဲ့ရေလိုတာပေါ့” လို့ မကွေးဒေသခံ ကိုအောင်အောင်ဦးကပြောပါတယ်။ အဲဒီမီးလောင်ကျွမ်းမှုဟာ ဘယ်လိုကနေစလောင်တယ်ဆိုတာ ကို စုံစမ်းလျှက်ရှိပြီး မီးဘေးသင့်ခဲ့သူများအတွက် အကူအညီပေးနိုင်ရန်ဆောင်ရွက်လျှက်ရှိတယ်လို့ မကွေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးကပြောပါတယ်။ “ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ် (၂)က ကွင်းဆင်းပြီး လေ့လာနေပါတယ်။ အခုအချိန်အထိတော့ သေဆုံးသူတွေရှိတယ်လို့ မကြားသေးဘူး” လို့ ဆက်ပြောပါတယ်။ မကွေးမြို့နယ် ညောင်ပင်သာကျေးရွာမှာ အိမ်ခြေ ၂၂၀ ခန့်ရှိပြီး ၂၀၀ ခန့်မှာ မီးလောင်ကျွမ်းခဲ့တဲ့အတွက် အရေးပေါ်အကူအညီလည်း လိုအပ်နေတယ်လို့ ဒေသခံတွေကဆီကသိရပါတယ်။
author ဖိုးစိုးသူ
photo Magway Township Drd

0 comments:

Post a Comment