Thursday, March 31, 2016

မင်းဘူးမြို့တွင် ကမ္ဘာ့တီဘီ ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကျင်းပ




မင်းဘူး      မတ်    ၃၀
          ကမ္ဘာ့တီဘီ ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၀၁၆)အခမ်းအနားအား မင်းဘူးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မတ်လ(၃၀)ရက်နေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
          အခမ်းအနားတွင် မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှ အဖွင့်မိန့်ခွန်းပြောကြားပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ငွေမှ ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၏ (၂၀၁၆)ခုနှစ် ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနား ဖွင့်ပွဲမိန့်ခွန်းအား ဖတ်ကြားခဲ့သည်။
          ဆက်လက်၍ မင်းဘူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဆရာ ဦးသန်းထွန်းအောင်မှ တီဘီရောဂါ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
          အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ ကျန်းမာရေး ၀န်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment