Tuesday, March 29, 2016

မကွေးတိုင်းပြည်သူ့ဆေးရုံကြီးရှေ့ရှိ  ဆေးဆိုင်မှ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးများဖမ်းဆီး*

မကွေးမြို့၊ရွာသစ်ပွဲကြိုရပ်ကွက်၊
မကွေးတိုင်းပြည်သူ့ဆေးရုံကြီးရှေ့ရှိ ဆေးဆိုင်တစ်ဆိုင်မှ မူးယစ်ဆေးဝါး
နှင့်စိတ်ကိုပြောင်းလဲစေသော သောက်ဆေး/ထိုးဆေးများအား မတ်လ(၂၇)ရက်နေ့
နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
ဖြစ်စဉ်မှာ မကွေးမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဝိုင်းမို့မို့သူ၊
မကွေးခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ်သက်အောင်စိုး၊
ဒုရဲအုပ်သိန်းနိုင်ဝင်း၊မူးယစ်တပ်စု(၁၅)မှ
တပ်ကြပ်ကျော်ကျော်ဝင်း၊မကွေးမြို့မရဲစခန်းမှ ရဲတပ်သားသိန်းထွန်းဝင်း
တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် မကွေးမြို့၊ ရွာသစ်ပွဲကြိုရပ်ကွက်၊ဆေးရုံလမ်း၊
မကွေးတိုင်းပြည်သူ့ ဆေးရုံကြီးရှေ့ရှိ “ အာရောဂျံ “ ဆေးဆိုင်တွင်
မူးယစ်ဆေးဝါးနှင့်ဆက်စပ်နေသောဆေးဝါးများလယ်ဝယ်ထား ရှိရောင်းချနေ
ကြောင်းသတင်းအရ မတ်လ(၂၇)ရက် နေ့နံနက်(၁၀)နာရီခွဲ အချိန်က
မူးယစ်ဆေးဝါးဖမ်းဝရမ်းဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ ဆိုင်ပိုင်ရှင်
ဆန်းမြင့်အေး၊အသက်(၂၇)နှစ်အား ဆိုင်အတွင်းအသင့်တွေ့ရှိခဲ့ပြီး” အာရောဂျံ “
ဆေးဆိုင်၏နောက်ခန်း သံသေတ္တာနှင့် နောက်ဘေးတံခါးကြားတွင် ကျွတ်ကျွတ်
အိတ်အတွင်းမှ PHARMADOL 2ml ထိုးဆေး(၁)ဗူးလျှင်(၅၀)လုံးပါ (၂)ဗူး ၊ PHARMADOL
2ml ထိုးဆေး(၁)လုံး၊ TRAMACAP (Tramadol) သောက်ဆေး (၁)ကဒ်လျှင်(၁၀)လုံးပါ
(၅၄)ကဒ် ၊ TRAMACAP (Tramadol) သောက်ဆေး(၃)လုံးပါ (၁)ကဒ် ၊ Tramadol
ထိုးဆေး(၂)လုံး ၊ Diazepam ထိုးဆေး (၆)လုံး၊ Diazepam(၁)ကဒ်လျှင် အလုံး(၂၀)ပါ
(၃၄)ကဒ် ၊ Diazepam သောက်ဆေး(၁၀)လုံးပါ (၁)ကဒ် ၊ Diazepam သောက်ဆေး(၈၀၈)လုံးပါ
ပလပ်စတစ်ဗူး(၁)ဗူး၊  Alparazole 0.5 mg သောက်ဆေး(၁)ကဒ်လျှင်(၆၀)လုံးပါ (၅)ကဒ်
၊ Alparazole 0.5 mg  သောက်ဆေး(၁)ကဒ်လျှင်(၁၀)လုံးပါ (၄)ကဒ် ၊ Alparazole 0.5
mg သောက်ဆေး(၃)လုံးပါ (၁)ကဒ်၊ Alparazole 0.5 mg
သောက်ဆေး(၁)ကဒ်လျှင်(၁၀)လုံးပါ (၉)ကဒ် ၊ LORAZEPAM 2mg သောက်ဆေး(၁)ကဒ်လျှင်
(၃၀)လုံးပါ (၁၀)ကဒ် ၊ LORAZEPAM 2 mg သောက်ဆေး(၁) ကဒ်လျှင်(၁၀)လုံးပါ (၂)ကဒ် ၊
HARIDOL 2.0mg သောက်ဆေး(၅၀၀)လုံးပါ ဆေးဗူး(၁)ဗူး၊
စုစုပေါင်းကာလတန်ဖိုး(၄၅၃၆၄၀)ခန့်အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယင်းဆေးဝါးများသိမ်းဆည်းရမိခဲ့မှုနှင့်ပက်သက်၍  မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ လက်ဝယ်ထား ရှိရောင်းချသူ ဆန်းမြင့်အေး
အရေးယူပေးရန် ရဲအုပ် သက်အောင်စိုးမှ တရားလိုပြုတိုင်ကြားခဲ့သောကြောင့်
မကွေးမြို့နယ်၊ မြို့မရဲစခန်းမှ မယ(ပ)၁/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို
ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က) ဖြင့်အမှုဖွင့်ထားသည်။ နေဇော်

0 comments:

Post a Comment