Thursday, March 31, 2016

*ပခုက္ကူမြို့ *၌ *စိတ်ကြွဆေးပြားများ လက်ဝယ်ထားရောင်းချသူများအားဖမ်း ဆီး*



                ပခုက္ကူမြို့၊ မြို့သစ်ရပ်ကွက်၊ချယ်ရီလမ်းရှိ
စားသောက်ဆိုင်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ အရောင်း အဝယ်ပြုလုပ်သူများအား
မတ်လ(၂၈)ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။  ဖြစ်စဉ်မှာ
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ
ရဲအုပ်မျိုးနိုင်နှင့်အဖွဲ့၊ပခုက္ကူမြို့မရဲစခန်းမှ
ဒုရဲအုပ်တင့်နိုင်ဝင်းနှင့်အဖွဲ့၊ ပခုက္ကူမူးယစ်တပ်ဖွဲ့စု(၁၅)မှ ရဲတပ်ကြီး
စိုးညွန့်အောင် တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် မတ်လ(၂၈)ရက်နေ့
ည(၈)နာရီ(၁၅)မိနစ်အချိန်က ပခုက္ကူမြို့၊ မြို့သစ်ရပ်ကွက်၊ ချယ်ရီလမ်းရှိ
ရွှေကောင်း စားသောက်ဆိုင်တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော
ဆေးပြားများအရောင်း အဝယ်ပြုလုပ်နေကြောင်း သတင်းအရ သွားရောက်စောင့်ဆိုင်းစဉ်
ကျော်ကြီး(ခ)ကျော်ဇင်ထွန်း၊ အသက်(၂၄)နှစ်၊
အမှတ်(၁၁)ရပ်ကွက်၊ပခုက္ကူမြို့နေသူနှင့်
ပိုင်ဖြိုးလွင်၊အသက်(၁၈)နှစ်၊အမှတ်(၁၁)ရပ်ကွက်၊ပခုက္ကူမြို့နေသူတို့အား
မသင်္ကာဖွယ်တွေ့ရှိ၍ ရှာဖွေစစ်ဆေးခဲ့ရာ  ကျော်ကြီး(ခ)ကျော်ဇင်ထွန်း၏
ပုဆိုးခါးကြားတွင် လိပ်လျှက် မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသော
ဆေးပြားများဟု ယူဆရသည့် 88 တစ်ဖက်တွင် 1 ဂဏန်းပါ နီညိုရောင်ဆေးပြား
(၂၀၀)ပြားပါသည့် ကမ္ဘာလုံးတံဆိပ်ပါ ပလပ်စတစ် အိတ်အပြာရောင် အိတ်သေး(၁)လုံးအား
ရှာဖွေတွေ့ရှိသိမ်းဆည်းခဲ့ပြီး ၎င်း၏ထွက်ဆိုအချက်အရ ပြာလောင်(ခ)ဌေးမင်းလှိုင်၊
အသက်(၄၀)နှစ်၊အမှတ်(၆)ရပ်ကွက်၊ပခုက္ကူမြို့နေသူပါ မူးယစ်ဆေးဝါးရောင်းချရာတွင်
ပါဝင်ကြောင်း သိရှိရ၍ သွားရောက် ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထံမှ
မူးယစ်ဆေးပြား(၂၀၀)ပြား၊ ငွေစက္ကူရောကျပ်(၁၁၉၈၀၀)၊ လက်ကိုင်ဖုန်း(၂)လုံး၊
ဆိုင်ကယ်(၃)စီး၊ ပလပ်စတစ်အိတ်သေး(၆)လုံးတို့အား
သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ယင်းသိမ်းဆည်းရမိခဲ့မှုနှင့်ပက်သက်၍
ကျော်ကြီး(ခ)ကျော်ဇင်ထွန်းပါ (၃)ဦးအား အရေးယူပေးရန် မတ်လ(၂၉)ရက်နေ့တွင်
ရဲအုပ်မျိုးနိုင်မှတိုင်ကြားခဲ့သောကြောင့် ပခုက္ကူမြို့နယ်၊မြို့မရဲစခန်းမှ
မယ(ပ)၁/၂၀၁၆၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁
ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။


                                          kzy

0 comments:

Post a Comment