Wednesday, March 16, 2016

တိုင်းဒေသကြီး ဥပဒေချုပ်ရုံးတွင် အရည်အချင်းမြှင့်တင်ရေး မွန်းမံသင်တန်းဖွင့်လှစ်




မကွေး     မတ်      ၁၆
မကွေးတိုင်းဒေသကြီး အတွင်းရှိ တိုင်း/ခရိုင်/မြို့နယ်ရုံးများမှ စာရေးဝန်ထမ်းများ အရည်အချင်းမြှင့်တင်ရေး မွန်းမံသင်တန်း အမှတ်စဉ်(၁/၂၀၁၆)ကို မတ်လ ၁၂ ရက်နှင့်  ၁၃ ရက် တိုင်းဒေသကြီး ဥပဒေအရှိ ဦးကျော်ကျော်အောင်တို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် စာရေးဝန်ထမ်းများအား အရည်အချင်းမြှင့်တင်ရေး မွန်းမံသင်တန်းကို ဆက်လက်ပို့ချရာ မကွေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှလှကျိန် က ဘတ်ဂျက်နှင့် ငွေစာရင်းဆိုင်ရာလုပ်ငန်းများကို သင်ကြားပို့ချပြီး တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ ရုံးအုပ်များကအမှုလိုက်လုပ်ငန်း၊စီမံ၊ဘတ်ဂျက်နှင့် ငွေစာရင်းဆိုင်ရာ အစီရင်ခံစာများပေးပို့ခြင်း၊ ကိန်းဂဏန်းများ မှားယွင်းမှုမရှိစေရေးတို့အတွက် ဆွေးနွေးပို့ချခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment