Monday, March 28, 2016

သင်္ကြန်ကားလက်မှတ်ကိစ္စပါ

Lwin Oo added 2 new photos.Follow
30 mins ·
သင်္ကြန်ကားလက်မှတ်ကိစ္စပါ
~•~•~~•~•~•~•~•~•~~
ကျွန်တော်ရန်ကုန် မှ မင်းဘူးကို ပြန်ဖို့ အောင်မင်္ဂလာ အဝေးပြေးကားဂိတ်ကို လက်မှတ်သွားဖြတ်ပါတယ် လက်မှတ်ဈေးက ရန်ကုန် မင်းဘူး တစ်ယောက်ကို ပုံမှန်ဈေး ၈၅၀၀ ကို နှစ်ဆ ၁၇၀၀၀ ပေးခဲ့ရပါတယ်
လက်မှတ်ပေါ်မှာတော့ လူ နှစ်ယောက်စာအတွက် ၁၇၀၀၀ ကျပ် ရေးပေးလိုက်ပြီး အပြင်မှာတော့ နှစ်ယောက်စာ အတွက် ၃၄၀၀၀ ကျပ် ပေးခဲ့ရပါတယ်
ဒီနေ့ မနက်ဘဲ လက်မှတ်ပါပြပြီး အောင်မင်္ဂလာအဝေးပြေးဝင်း ဥဿာာလမ်းမှာရှိတဲ့ မ.ထ.သ ရုံးခွဲ ကို သွားတိုင် လိုက်တာ ပိုပေးထားတဲ့ အပိုကြေးကို သူတို့ စိုက်ထုတ်ပြီး ကျွန်တော့ကိုပြန်ပေးပါတယ် ယာဉ်လိုင်းကို သင်္ကြန်အရေးယူပါ့မယ် ပြောပါတယ်
ကျန်တဲ့ ခရီးသွားပြည်သူများ ယခုလို ယာဉ်စီးခ ပိုတောင်းခဲ့ရင် အောင်မင်္ဂလာအဝေးပြေးဝင်း ဥဿာာလမ်းမှာရှိတဲ့ မ.ထ.သ ရုံးခွဲ ဖုန်းနံပါတ် 01 636842 သို့ ဆက်သွယ်တိုင်ကြားပြီး အပို ထပ်ဆောင်းပေးရငွေ ပြန်လည်တောင်းယူနိုင်ကြောင်း သိစေချင်လို့ ယခုလို တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်
ယခုကျွန်တော် အပါအ၀င် လာရောက်တိုင်ကြားသူ ၅ ဦး ရှိပြီး ၅ ဦး စလုံး ပိုက်ဆံ ပြန်ထုတ်ပေးပါတယ်
သတင်းပေးပို့သူအား ကျေးဇူးတင်ပါတယ်

0 comments:

Post a Comment