Wednesday, March 16, 2016

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပပြုလုပ်



မကွေး မတ် ၁၆
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့ နံနက်(၁၀း၀၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ စတင်ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ဒုတိယဥက္ကဋ္ဌနှင့်လွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၇)ဦးတက်ရောက်၍ (၉၈.၅၃) ရာခိုင်နှုန်း တက်ရောက် သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာသည်။ထို့နောက် မကွေးတိုင်း ဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဖွဲ့စည်းမည့် အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ဦးဇော်မျိုးဝင်း မှ လွှတ်တော်သို့တင်ပြပြီး ယင်းကော်မတီ နှင့် စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ကို ရယူကာ လွှတ်တော်ကအတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌ က ကြေညာသည်။


၎င်းနောက် မကွေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဖွဲ့စည်းမည့် အဖွဲ့ဝင်များ၏ အမည်စာရင်းကို လွှတ်တော်ဥက္ကဋ္ဌ မှ လွှတ်တော်သို့တင်ပြပြီး ယင်းကော်မတီ ဖွဲ့စည်းမည့် အဖွဲ့ဝင် များ၏အမည်စာရင်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူကာ လွှတ်တော်က အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။ ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီတွင် ဖွဲ့စည်းတာဝန် ပေးအပ် မည့် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကို လွှတ်တော်ဥက္ကဋ္ဌ မှ လွှတ်တော်သို့တင်ပြပြီး ယင်းကော်မတီတွင်ဖွဲ့စည်းတာဝန်ပေးအပ်မည့် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူကာ လွှတ်တော်ကအတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌကကြေညာသည်။ထို့နောက် မကွေးတိုင်းဒေသကြီးလွှတ်တော် မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပခြင်း လုပ်ငန်း များဆိုင်ရာ လေ့လာညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းမည့် အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ဦးဇော်မျိုးဝင်း မှ လွှတ်တော်သို့တင်ပြပြီး ယင်းကော်မတီ နှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ကိုရယူကာ လွှတ်တော်ကအတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပြီးနောက် မကွေးတိုင်းဒေသကြီးလွှတ်တော် မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပခြင်း လုပ်ငန်း များဆိုင်ရာ လေ့လာညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းမည့် အဖွဲ့ဝင်များ၏ အမည်စာရင်းကို လွှတ်တော် ဥက္ကဋ္ဌ မှ လွှတ်တော်သို့တင်ပြပြီး ယင်းကော်မတီဖွဲ့စည်းမည့် အဖွဲ့ဝင်များ၏ အမည် စာရင်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူကာ လွှတ်တော်ကအတည်ပြုကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးလွှတ်တော် မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပခြင်း လုပ်ငန်း များဆိုင်ရာလေ့လာညှိနှိုင်းရေးကော်မတီတွင် ဖွဲ့စည်းတာဝန်ပေးအပ်မည့် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့၏ အမည်စာရင်းကို လွှတ်တော်ဥက္ကဋ္ဌ မှ လွှတ်တော်သို့တင်ပြပြီး ယင်းကော်မတီ တွင် ဖွဲ့စည်းတာဝန်ပေးအပ်မည့် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူကာ လွှတ်တော်ကအတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။ဒုတိယအကြိမ် မကွေးတိုင်း ဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို (၁၀း၃၅) အချိန်တွင် ရပ်နားကြောင်းနှင့် ဆဋ္ဌမနေ့အစည်းအဝေး ကျင်းပပြုလုပ်မည့် နေ့ရက်အချိန်အား ပြန်လည် အသိပေးသွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment