Tuesday, March 15, 2016

မ​ကွေးမြို့နယ်​စာ​ရေးဆရာအသင်း အလုပ်​အမှု​ဆောင်​ အဖွဲ့တင်​​မြှောက်

၁၂ ​မတ်​ မ​ကွေး။
မ​ကွေးတိုင်း​ဒေသကြီး မ​ကွေးမြို့နယ်​ စာ​ရေးဆရာအသင်း အလုပ်​အမှု​ဆောင်​အဖွဲ့ ၂၀၁၆ ကို မ​ကွေးမြို့နယ်​ အ​ထွေ​ထွေအုပ်​ချုပ်​​ရေး အစည်း​ဝေးခမ်းမ၌ ဗဟိုစာ​ရေးဆရာအသင်း ၏ ညွှန်​ကြား ချက်​များနှင့်​ အညီ အ​ထွေ​ထွေအုပ်​ချုပ်​​ရေး ဦးစီးဌာန ၊ ပြန်​ကြား​ရေးနှင့်​ပြည်​သူ့ဆက်​ ဆံ​ရေး တို့နှင့်​ ပူး​ပေါင်း၍ အလုပ်​အမှု​ဆောင်​သစ်​ ကို မြို့နယ်​စာ​ရေး ဆရာအသင်း ​ဝင်​ ၄၇ ဦး၏ ဆန္ဒခံယူကာ ​ရွေး​ကောက်​တင်​​မြှောက်​ခြင်း လုပ်​ထုံးလုပ်​နည်း နှင့်​အညီ ၁၂ -၃-၂၀၁၆ နံနက်​ ၁၀း၀၀ နာရီတွင်​ ကျင်းပပြုလုပ်​ရာ ​အောက်​​ဖော်​ပြပါ စာ​ရေးဆရာ အသင်းဝင်​များအား တာဝန်​များ အသီးသီး ​ပေးအပ်​ ကတိသစ္စာ ပြုကြပါသည်​။
ဦး​အောင်​ချမ်း​ဇော်​            ဥက္ကဌ
ဦးနိုင်​​ကျော်​စွာမျိုး             အတွင်း​ရေးမှူး
ဦးဝင်းသက်​ခိုင်​               ဘဏ္ဏာ​ရေးမှူး
ဒေါ်နန်းဥမ္မာမင်း              အဖွဲ့ဝင်
ဦးမင်း​ကျော်​​ဇော              အဖွဲ့ဝင်
ညီလာခံကိုယ်​စားလှယ်​      မ​ကွေး လှမြင့်
အခမ်းအနား အပြီးတွင်​ မြို့နယ်​စာ​ရေးဆရာ အလုပ်​အမှု​ဆောင်​ အသစ်​ အဖွဲ့က တက်​​ရောက်​ဆန္ဒပြု ​ရွေးချယ်​တင်​​မြှောက်​ ကြ​သော အသင်းဝင်​စာ​ရေးဆရာများကို မ​ကွေးမြို့  ရသာရုံ စား​သောက်​ဆိုင်​တွင်​ ကြိုက်​နှစ်​သက်​ရာ များ မှာယူ စိတ်​တိုင်းကြ စား​သောက်​ ခြင်းဖြင့်​ ဧည့်​ခံ​ကြောင်း သိရသည်​။
ဦး​လေးဂျမ်း

0 comments:

Post a Comment