Monday, March 28, 2016

"စတုဒီသာအလှူရှင်များ ဖိတ်ခေါ်ခြင်း"

မကွေးပရဟိတ added 2 new photos.
"စတုဒီသာအလှူရှင်များ ဖိတ်ခေါ်ခြင်း"
====================
မကွေးမြို့ပေါ်ရှိ လူမှူရေးအသင်းအဖွဲ့များနှင့် ပြည်သူလူထုပူးပေါင်းကာ သမ္မတအသစ်နှင့်အစိုးရသစ်အာ
ဂုဏ်ပြုကြိုဆိုသောအားဖြင့် နှစ်ပေါင်းကာလရှည်ကြာစွာ ပြုပြင်ထိန်းသိမ်းခြင်းအားနည်းခဲ့သော မကွေးမြို့၏ အထင် ကရ ဗိုလ်ချုပ်ကြေးရုပ်နှင့်ပန်းခြံအား ပြည်သူတို့ စိတ်ခံစားမှူ
အပြည့်အဝရရှိနိုင်ရန်အတွက် ဂုဏ်ပြုဖျော်ဖြေပွဲနှင့်မကွေး
မြို့ပေါ်ရှိ ခလေးများအား စတုဒီသာကျွေးမွေးမည့်အစီအစဉ်
ပြုလုပ်သွားမည်ဖြစ်ပါသည်။
၃၁.၀၃.၂၀၁၆ ရက်နေ့ညတွင် ပန်းခြံတစ်ခုလုံး
အား ရောင်စုံမီးအလှများထွန်းညှိခြင်း၊ဖျော်ဖြေရေးအစီအစဉ် များဖြင့်ဧည့်ခံခြင်များပြုလုပ်သွားမည်ဖြစ်ပါသည်။၁.၀၄.
၂၀၁၆ ရက်နေ့နံက်(၇း၀၀)နာရီမှ(၉း၀၀)နာရီအထိ မကွေးမြို့ပေါ်ရှိခလေးများအား စတုဒီသာအဖြစ်မြန့်မာ့ရိုးရာ
မုန့်များအားဧည့်ခံကျွေးမွေးသွားမည်ဖြစ်ပါသည်။
အဆိုပါ စတုဒီသာကျွေးမွေးမည့်အစီအစဉ်အား
မကွေးပရဟိတအသင်းမှတာဝန်ယူကျွေးမွေးသွားမည်ဖြစ်ပါ
၍ စတုဒီသာကျွေးမွေးမည့်အစီအစဉ်တွင် အသင်းအဖွဲ့လိုက်
သော်လည်းကောင်း၊တစ်ဦးခြင်းအလှူရှင်အနေဖြင့်သော်လည်းကောင်း ကျွေးမွေးလိုပါက နေရာထိုင်ခင်းများအားစီစဉ်
ပေးထားမည်ဖြစ်ပါ၍ မည်သူမဆိုအရေအတွက် ကန့်သတ်
ချက်မရှိဘဲလာရောက်ကျွေးမွေးကုသိုလ်ပြုနိုင်ကြမည်ဖြစ်ပါ
သည်။
သို့ဖြစ်ပါ၍ ကျွေးမွေးလှူဒါန်းလိုသည့် အလှူရှင် များအနေဖြင့် အောက်ပါဖုန်းနံပါတ်များအားဆက်သွယ်၍ အသင်းအဖွဲ့အမည် သို့မဟုတ် အလှူရှင်အမည်နှင့်လှူဒါန်း
မည့် မုန့်အမျိုးအစားများအား ကြိုတင်၍ စာရင်းပေးသွင်း ထားကြပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

၀၉ ၅၃၄၁၆၄၁
၀၉ ၇၈ ၅၃၄၁၆၄၁
၀၉ ၉၆ ၅၃၄၁၆၄၁

0 comments:

Post a Comment