Tuesday, March 15, 2016
စလင်းမြို့ နယ် ဘူးခါးကျေးရွာစာသင်ဆောင်အား အမြန်ဆုံးပြီးစီးအောင် တည်ဆောက်ရန် လိုအပ်နေ
စလင်း မတ် ၁၁
ခံပညာမူလတန်းကျောင်းတွင် စလင်းမင်းရွှေတောင်ကုမ္ပဏီက အရှည် ၆၀ပေ အကျယ် ၃၀ပေရှိစာသင်ဆောင်အသစ်တစ်ဆောင် တည်ဆောက်
နေကြောင်း သိရသည်။
အဆိုပါကျောင်းတွင် စာသင်ဆောင်အဟောင်းတစ်ဆောင်သာ
ရှိရာ ထိုအဟောင်းဆောင်ကို ဖေဖော်ဝါရီလလယ်လောက်က ဖျက်ခဲ့ပြီး မျက်နှာချင်းဆိုင်ရှိ ဇေယျာသီရိကျောင်းဓမ္မာရုံတွင် အတန်းတင်စာမေးပွဲဖြေဆိုခဲ့ရကြော
င်း မြေကျင်းတူးဖော်ထားသည်မှာ တစ်လခန့် ကြာမြင့်နေကြောင်း တည်ဆောက်ရေးပစ္စည်းများပြည့်စုံအောင် ရောက်ရှိနေသော်
လည်း ကန်ထရိုက်က ပေါ်မလာကြောင်း ကျောင်းအထွေထွေ
လုပ်သား ဦးရဲမင်းစိုးက ပြောကြားသည်။
ကျောင်းအကျိုးတော်ဆောင်အဖွဲ့  ဦးသန်းမောင်က ကန်ထရိုက်က အခြားဆောက်လုပ်ရေးပစ္စည်းများ ပြည့်စုံအောင်ချထားပေးထားသော်လည်း ကျောက်စရစ် မရသဖြင့် ဘာမှဆက်လုပ်မရကြောင်း ခုံအထိပန်းရံခကို ငွေကျပ် ၆ သိန်းဖြင့်ဌားရမ်းထားပြီးဖြစ်ကြောင်း အမြန်ဆုံးပြီးစီးအောင်တည်ဆောက်ပေးစေချင်ကြောင်း ပြောကြားသည်။
စာသင်ဆောင်သည် C-type အမျိုးအစားဖြစ်ပြီး အုတ်ခုံပေါ်သည် သံဖရိန်းဖြင့်တိုင်ထောင် သွပ်မိုးခြင်းကို ယခုလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ကြောင်း အခင်းအကာ တံခါးပြူ တင်များမှာ ယခုနှစ်ဘတ်ဂျက်မပါဝင်သေးကြောင်း ငွေကျပ် ၁၀၈ သိန်းသာချထားပေးကြောင်း တည်ဆောက်ရေးလုပ်ငန်းများကို
မတ်လ ၁၂ ရက်မှစ၍ အရှိန်အဟုန်မြင့် ဆောင်ရွက်နေကြောင်း ကုမ္ပဏီပိုင်ရှင်က ပြောကြားသည်။
ကိုလင်း( စကားဝါမြေ )
0 comments:
Post a Comment