Tuesday, March 29, 2016

စေတုတ္တရာမြို့တွင် ကြက်ခြေနီသင်တန်းဖွင့်လှစ်


စေတုတ္တရာ     မတ်      ၂၉
မင်းဘူးခရိုင်၊စေတုတ္တရာမြို့နယ်၊အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတွင် မတ်လ(၂၈)ရက်နေ့ နံနက်(၈)နာရီက ကြက်ခြေနီ ရှေးဦးသူနာပြုသင်တန်း အမှတ်စဉ်(၁/၂၀၁၆) ဖွင့်ပွဲကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးမှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာဒေါ်ချိုချိုဝင်းမှ ရှေးဦးသူနာပြုစုခြင်းသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် တိုင်းဒေသကြီး ကြက်ခြေနီအသင်း ဦးစီး ပထမတန်း ဦးကျော်နိုင်ဦးမှ ကြက်ခြေနီအသင်းဖြစ်ပေါ်လာပုံ သမိုင်းကြောင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားဖွင့်ပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
အဆိုပါ သင်တန်းသို့ စေတုတ္တရာမြို့၊အမှတ်(၁)ရပ်ကွက်အတွင်းရှိ သင်တန်းသား/သူ(၃၁)ဦးအား မတ်လ(၂၈)ရက်နေ့ မှ (၃၁)ရက်နေ့အထိ (၄)ရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment