Monday, March 28, 2016

ရေခပ်နေစဉ် အမျိုးသမီးတစ်ဦး ကမ်းပါးပြိုကျမြေကြီးတုံးပိသေဆုံး


          ပခုက္ကူမြို့နယ် ရေခပ်နေစဉ် အမျိုးသမီးတစ်ဦး ကမ်းပါးပြိုကျပြီး မြေကြီးပိမိသေဆုံးခဲ့မှု မတ်လ(၂၀)ရက်နေ့ နေ့လည်ပိုင်းကဖြစ်ပွားခဲ့ကြောင်း နယ်မြေခံရဲစခန်းမှသိရသည်။ ဖြစ်စဉ်မှာ မတ်လ(၂၀)ရက်နေ့ နေ့လည်(၃)နာရီမိနစ်(၃၀) အချိန်က ပခုက္ကူမြို့နယ်၊ နတ်ထူးချောင်းရိုးအတွင်း ရေခပ်သွားသော အမျိုးသမီးတစ်ဦး ကမ်းပါးပြိုကျပြီး မြေကြီးတုံးပိလျှက် သေဆုံးနေကြောင်းသတင်းအရ မြစ်ခြေနယ်မြေရဲစခန်းမှ ရဲအုပ်မြင့်စိုးဦးသွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။သေဆုံးသူမှာ  ဒေါ်ဝင်းနွဲ့၊အသက်(၅၁)နှစ်၊ရေချိုကျေးရွာ၊ ပခုက္ကူမြို့နယ်နေသူသည် အကျယ်(၈)ပေ၊အရှည်(၁၀)ပေ၊အမြင့်(၈)ပေခန့်ရှိ နတ်ထူးရိုးကျောက်အတွင်းရှိ အကျယ်(၃)ပေ၊အနက်(၂)ပေခန့် ကျောက်ကြားစိမ့်ရေအိုင်အတွင်းသို့ တစ်ဦးတည်းရေထိုင်ခပ် နေစဉ် အမြင့်(၈)ပေခန့်ရှိ ကမ်းပါးနံရံမှ အလျား(၅)ပေ၊အနံ(၄)ပေ၊အမြင့်(၅)ပေခန့်ရှိသော ကမ်းပါးမြေကြီးတုံးကွာကျပြီး ဒေါ်ဝင်းနွဲ့၏ နောက်ကျောကုန်းပေါ်သို့ပိကျ၍ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း အမှုစစ်၏စစ်ဆေး ချက်အရသိရသည်။ ယင်းအမျိုးသမီးသေဆုံးမှုနှင့်ပက်သက်၍ ရဲအုပ်မြင့်စိုးဦးမှတိုင်ကြားခဲ့သောကြောင့် ပခုက္ကူမြို့နယ်၊ မြစ်ခြေနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၂/၂၀၁၆ ဖြင့်အမှုဖွင့်ထားသည်။
                                                 kzy

0 comments:

Post a Comment