Monday, March 28, 2016

ဆင်ဇာချောင်း တံတားနှင့်ဘုရင့်နောင်လမ်း ကတ္တရာလမ်းဖွင့်ပွဲ ကျင်းပ




ပေါက်     မတ်     ၂၆
          ပေါက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ (၇၁)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန ခွင့်ပြုရန်ပုံငွေကျပ်(၂၁၅၀)ဖြင့် ပေါက်မြို့နယ်စည်ပင် သာယာရေးကော်မတီမှ တာဝန်ယူဆောင်ရွက်သည့် ပေါက်မြို့အောင်တံခွန်ရပ်ကွက်ရှိ ဆင်ဇာ ချောင်း(သံကူကွန်ကရစ်)တံတား အရှည်ပေ ၉၀၊အကျယ် ၂၄ ပေနှင့် ဘုရင့်နောင်လမ်း(ကတ္တရာ) အရှည်ပေ ၂၀၂၀၊အကျယ် ၁၂ ပေလမ်း ဖွင့်ပွဲအခမ်းအနားကို မတ် ၂၅ ရက်နံနက် ၈ နာရီက အဆိုပါလမ်းမုခ်ဦး၌ ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းအောင်နှင့်မြို့နယ်အဆင့်ဌာန ဆိုင်ရာ အကြီးအကဲများ၊မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီိဝင်များ၊လူမှုရေးအသင်းအဖွဲ့များနှင့်ဒေသခံပြည်သူ (၁၅၀)ဦးတို့ တက်ရောက် ခဲ့ကြသည်။
          အခမ်းအနားတွင် ပေါက်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးလင်းကြည်က တံတားတည်ဆောက်ခြင်းနှင့်ကတ္တရာလမ်းဆောင်ရွက်မှုတို့ကို ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူ ဦးဌေးအောင်မှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းအောင်၊စည်ပင်အမှုဆောင်အရာရှိ ဦးလင်းမင်းညွှန့်၊စည်ပင်ကော်မတီ ဥက္ကဌ ဦးလင်းကြည် နှင့်မြို့မိမြို့ဖ ဦးခင်မောင်ညိုတို့က ဆင်ဇာချောင်းတံတားနှင့်ဘုရင့်နောင်လမ်း ကတ္တရာလမ်း အားဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။
          အဆိုပါလမ်းနှင့်တံတားနေရာတွင် ယခင်က မိုးတွင်းကာလချောင်းရေကြီးချိန်၌ ရပ်ကွက် အတွင်းခက်ခဲစွာသွားလာခဲ့ရပြီး ယခုကဲ့သို့ ကတ္တရာလမ်းနှင့်သံကူကွန်ကရစ်တံတား အဖြစ်တည် ဆောက်ပေးနိုင်ခဲ့သည့်အတွက် မြို့ပေါ်(၄)ရပ်ကွက်ရှိ ပြည်သူများနှင့်ကျောင်းသား ကျောင်းသူများ  ရာသီမရွေး အဆင်ပြေချောမွှေ့စွာဖြင့် သွားလာနိုင်တော့မည် ဖြစ်သည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment