Saturday, March 19, 2016

ငဖဲမြို့မဈေးတွင် မီိးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

် ငဖဲ      မတ်       ၁၉
မင်းဘူးခရိုင် ငဖဲမြို့နယ် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် တာဝန်ရှိသူများက မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ စီမံဆောင်ရွက်လျက်ရှိရာ ငဖဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ် တပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်တို့ပူးပေါင်းကာ မီးဘေးလုံခြုံရေး၊မီးလောင်မှုကြောင့် ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်များပျက်စီးဆုံးရှုံခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ငဖဲမြို့မဈေးအတွင်း ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများနှင့်မီးငြိမ်းသတ်မှု သရုပ်ပြခြင်းများကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဈေးသူဈေးသားများ မီးသတိရှိစေရေးအတွက် မီးသုံးစွဲမှုများနှင့် လျှပ်စစ် သွယ်တန်းမှုများကို စနစ်တကျဖြစ်စေရေး၊အလင်းရောင်အတွက်မှအပ အခြားလျှပ်စစ်ပစ္စည်းများ သုံးစွဲခြင်း မပြုရေး လိုက်လံစစ်ဆေးအကြံပြုခြင်း၊ မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ ကိုင်တွယ် အသုံးပြုခြင်းနှင့် ဈေးဆိုင်ခန်းတိုင်း မီးသတ် ဆေးဘူးအသင့် ချိတ်ဆွဲထားရှိနိုင်ရေးနိုးဆော် အသိပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ဈေးသူဈေးသားများအား မီးငြိမ်းသတ်မှုအား လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
                                                                                                               သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment