Tuesday, March 29, 2016

*ရေစုတ်စက် တာလပတ်ကြိုးအတွင်း ထမီစငြိပါသွားရာမှ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရသေဆုံး*

      မင်းဘူးမြို့နယ်၊ရွာမကန်ကျေးရွာတွင်  ရေစုတ်စက်အနီး ဖြတ်လျှောက်ရာမှ
အမျိုးသမီးတစ်ဦးဒဏ်ရာရ သေဆုံးခဲ့မှု မတ်လ(၂၆)ရက်နေ့
နေ့လည်ပိုင်းကဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ မင်းဘူးခရိုင်ဆေးရုံကြီးတွင်
အမျိုးသမီးအလောင်းတစ်လောင်း ရောက်ရှိနေကြောင်းသတင်းအရ မတ်လ(၂၆)ရက်နေ့
နေ့လည်(၃)နာရီ(၁၅)မိနစ်အချိန်က မင်းဘူးမြို့မရဲစခန်းမှ ရဲအုပ်
မိုးကျော်ဟိန်းသွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ သေဆုံးသူမှာ ရွာမကန်ကျေးရွာ
ရွာလယ်ရှိ ရေပေးဝေရေးကန်တွင် စောင့်ရှောက်ရန်တာဝန်ပေးထားသူ ၎င်းရွာနေ
ဒေါ်စိန်လှိုင်၊အသက်(၆၄)နှစ်ဖြစ်ကြောင်းနှင့် ယင်းနေ့ နေ့လည်(၂)နာရီ(၄၅)
မိနစ်အချိန်က ရေထည့်ကန်ပြည့်လျှံနေ၍ ရေသွားခပ်စဉ် ရေကန်အနီးရှိ
စက်မောင်းထားသည့် ရေစုတ်စက်(တရုတ်နီ အင်ဂျင်-၂၅ကောင်) အနီးဖြတ်လျှောက်ရာမှ
တာလပတ်ကြိုးအတွင်း ထမီစငြိပါသွားခဲ့ပြီးလဲကျခဲ့ရာ ဒေါ်စိန်လှိုင်တွင်
ယာနားထင်ညို
မဲပွန်းပဲ့ဒဏ်ရာ၊ယာရင်ဘတ်ညိုမဲပွန်းပဲ့ဒဏ်ရာ၊ယာခြေသလုံး/ပေါင်ပွန်းပဲ့ဒဏ်ရာ၊ယာလက်ကောက်ဝတ်ပွန်းပဲ့ဒဏ်ရာ၊ယာဝမ်း
ဗိုက်ညိုမဲဒဏ်ရာများရရှိခဲ့ကာ ဆေးရုံတက်ရောက်ကုသနေစဉ်
သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း အမှုစစ်၏စစ်ဆေး ချက်အရ
သိရသည်။ယင်းဖြစ်စဉ်နှင့်ပက်သက်၍ ရေစုတ်စက်အနီး
မဆင်မခြင်ပေါ့လျာ့စွာဖြတ်လျှောက်သူ ဒေါ်စိန်လှိုင်အား ရဲအုပ်မိုးကျော်ဟိန်းမှ
တရားလိုပြုတိုင်ကြားခဲ့သောကြောင့် မင်းဘူးမြို့နယ်၊မြို့မရဲစခန်းမှ
(ပ)၅၆/၂၀၁၆၊ပုဒ်မ ၃၀၄-က ဖြင့်အမှုဖွင့်ထားသည်။ နေဇော်

0 comments:

Post a Comment