Monday, March 28, 2016

*နွားစာအတွက် ထန်းနို့ခုတ်ရာမှ အမျိုးသားတစ်ဦး ထန်းပင်ပေါ်မှပြုတ်ကျသေဆုံး*

   နတ်မောက်မြို့နယ်၊ မယ်ဇလီကျေးရွာတွင်  အမျိုးသားတစ်ဦး နွားစာအတွက်
ထန်းပင်ပေါ်တက် ထန်းနို့တက်ခုတ်ရာမှ ထန်းပင်ပေါ်မှ ပြတ်ကျသေဆုံးခဲ့မှု
မတ်လ(၂၅)ရက်နေ့နေ့လည်ပိုင်းကဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ မတ်လ(၂၅)ရက်နေ့
ညနေ(၆)နာရီခွဲ အချိန်က နတ်မောက်ပြည်သူ့ဆေးရုံသို့
ထန်းပင်ပေါ်မှပြုတ်ကျသေဆုံးသည့် လူသေအလောင်းတစ်လောင်း
ရောက်ရှိနေကြောင်းသတင်းအရ နတ်မောက်မြို့မရဲစခန်းမှူး ဒုရဲမှူးမောင်ကို
သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ သေဆုံးသူမှာ
ဦးတင်ရွှေ၊အသက်(၄၉)နှစ်၊မယ်ဇလီကျေးရွာ၊နတ်မောက်မြို့နယ်နေသူဖြစ်ကြောင်းသိရပြီး
၎င်းသည် အဆိုပါနေ့ နေ့လည်(၃)နာရီ(၄၀)မိနစ်အချိန်ခန့်က ရွာအနောက်ဘက်ကပ်လျှက်
ဦးခင်မောင်ရွှေ နှင့် ဦးကြည်ရွှေ တို့၏ယာခင်းအကြားရှိ  အမြင့်(၄၅)ပေခန့်ရှိသော
ထန်းပင်ပေါ်သို့ နွားစာအတွက် ထန်းနို့ခုတ်ရန် သမီးဖြစ်သူ
မဝင်းဝင်းခိုင်၊မအောင်မေကြည်တို့နှင့်အတူ သွားရောက်ပြီး ဦးတင်ရွှေမှာ
ထန်းပင်ပေါ်သို့တက်သွားရာ ထန်းဇက်အရောက် ထန်းလက်အား ဆွဲတက်စဉ် မြေပြင်ပေါ်သို့
ပြုတ်ကျသဖြင့် ဦးတင်ရွှေမှာ တင်ပါးနာသည်ဟုပြော၍ ဆေးကုသရန်
နတ်မောက်ဆေးရုံသို့သွားရောက်စဉ် ဆေးရုံ၌ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း
အမှုစစ်၏စစ်ဆေးချက်အရသိရသည်။ ယင်းဖြစ်စဉ်နှင့်ပက်သက်၍ ဒုရဲမှူး မောင်ကို
မှတရားလိုပြု တိုင်ကြားခဲ့သောကြောင့် နတ်မောက်မြို့နယ်၊မြို့မရဲစခန်းမှ
သေမှုသေခင်းအမှတ်စဉ် ၁/၂၀၁၆ ဖြင့်အမှုဖွင့်ထားသည်။
  kzy

0 comments:

Post a Comment