Monday, March 28, 2016

တစ်လကြာ အခြေခံသတင်းစာပညာသင်တန်း မန္တလေးတွင် ဖွင့်လှစ်မည်

တစ်လကြာ အခြေခံသတင်းစာပညာသင်တန်း မန္တလေးတွင် ဖွင့်လှစ်မည်
...................................................................................................
သတင်းစာပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုလိုသူ လူငယ်များနှင့် အတွေ့အကြုံနုနယ်သေးသော သတင်းထောက်များအတွက် အခြေခံသတင်းစာပညာသင်တန်းကို မန္တလေးသတင်းစာပညာကျောင်းတွင် ဖွင့်လှစ်ပါမည်။
-
သင်တန်းကြေးမှာ အခမဲ့ဖြစ်ပြီး နယ်မှ ရွေးချယ်ခံရသူများအတွက် တည်းခိုနေထိုင်ရန်နှင့် စားစရိတ် စီစဉ်ပေးပါမည်။ မန္တလေးမြို့မှ သင်တန်းသား/သူများကတော့ မိမိစရိတ်ဖြင့်သာ တက်ရောက်ရမည်ဖြစ်ပါသည်။ သင်တန်းသား/သူ အရေအတွက်ကို ၁၂ ဦး အထိသာ ကန့်သတ်ထားပါသည်။
-
သင်တန်းကို မေလ ၁၆ ရက်မှ ဇွန်လ ၁၆ ရက် အထိ ဖွင့်လှစ်မည်ဖြစ်ပြီး တစ်ပတ် ၆ ရက် (တနင်္လာနေ့မှ စနေနေ့ထိ) တက်ရောက်ရမည်ဖြစ်သည်။ သင်တန်းချိန်မှာ မနက် ၉ နာရီမှ နေ့လည် ၂း၀၀ အထိ ဖြစ်သည်။ ထမင်းစားနားချိန် ၄၅ မိနစ် ပေးပါမည်။
-
လျှောက်ထားလိုသူများအနေဖြင့် အောက်ပါ လျှောက်လွှာဖောင်ကို Download ချ ရယူပြီး sanyukw@gmail.com သို့ မေလ ၅ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရပါမည်။ ရွေးချယ်ခံရသူများကိုသာ မေလ ၁၀ ရက်နေ့တွင် အကြောင်းပြန်ပါမည်။

0 comments:

Post a Comment