Saturday, March 12, 2016

ရေဘေးသင့် အခြေခံပညာကျောင်းများအား စာရေကိရိယာများ ထောက်ပံ


ပွင့်ဖြူ        မတ်      ၁၀
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်အတွင်းရှိ ရေဘေးသင့် အခြေခံပညာကျောင်းများ ပြန်လည်ထူထောင်ရေးအတွက် မတ်လ(၉)ရက်နေ့ နံနက်(၁၀)နာရီက မြို့နယ်ပညာရေးမှူးရုံး၌  ပဲခူးတိုင်းဒေသကြီး၊တောင်ငူတက္ကသိုလ်မှ ပါမောက္ခချုပ်၊ဆရာ/ဆရာမ ၀န်ထမ်းများနှင့် ကျောင်းသား/ ကျောင်းသူများမှ (၁၂၇၂၅၇၀)ကျပ် တန်းဖိုးရှိ ကျောင်းသုံး ဗလာစာအုပ်များနှင့် စာရေကိရိယာများနှင့် အလှူငွေ (၁၈၀၈၇၀၀)ကျပ်၊စုစုပေါင်း(၃၀၈၁၂၇၀)ကျပ်ကို တောင်ငူတက္ကသိုလ်မှ ကထိက ဒေါ်ကေသီမှ ပေးအပ်လှူဒါန်းရာ ပွင့်ဖြူမြို့နယ် ဒု-မြို့နယ်ပညာရေးမှူး ဦးဝမ်းတင်မှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် ရေဘေးသင့်အခြေခံပညာကျောင်းပေါင်း(ထက်/လယ်/မှု) (၁၁၄)ကျောင်းရှိရာ၊ တောင်ငူတက္ကသိုလ်မှ ထောက်ပံ့ပစ္စည်းနှင့် အလှူငွေများအား အခြေခံပညာကျောင်းပေါင်း(၃၀)ကျောင်းအား ရွေးချယ်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)
သတင်းရိုက်ကူး/ရေးသားပေးပို့သူ - ဦးတင်ထွန်းဦး(မင်းဘူးခရိုင်ပြန်/ဆက်)

0 comments:

Post a Comment