Friday, March 25, 2016

ကျေးလက် ကွန်ကရစ်တံတားချဲ့ခြင်းနှင့်ကျေးရွာချင်းဆက် လမ်းပေါ်ရှိ သစ်သားတံတားများ ပြီးစီးဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး


မင်းဘူး     မတ်      ၂၄
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ (၈.၇၂)သန်းစီဖြင့် ပွင့်ဖြူမြို့နယ်အတွင်း နန်းမြင့်သူ ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ဇီးကိုင်း-ကျောင်းတော်ရာလမ်းပေါ်ရှိ သစ်သား တံတား(၂)စင်းနှင့် တောင်အင်းကျေးရွာအ၀င် ကွန်ကရစ်တံတားချဲ့ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီး မှုများအား မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးကျော်ဆန်းဌေး(ဒုတိယ ညွှန်ကြားရေးမှူး-နည်းပညာ)၊ ဒေါ်ရီအေးခိုင်(ဦးစီးအရာရှိ-နည်းပညာ)နှင့်ပွင့်ဖြူမြို့နယ် ကျေးလက် ဦးစီးမှူး ဦးကျော်ကျော်တို့သည် ယမန်နေ့နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment