Tuesday, March 15, 2016

စာကြည့်တိုက်များ ၀န်ဆောင်မှု မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ




မင်းဘူး        မတ်       ၁၃
          ကျေးလက်နေပြည်သူများ စာဖတ်ခြင်းအလေ့အထကောင်းများရရှိပြီး အသိပညာဗဟုသုတများ တိုးပွားရရှိစေရေးနှင့် ကျေးရွာ စာကြည့်တိုက် များရေရှည် တည်တံ့ခိုင်မြဲစေရန် ရည်ရွယ်၍ စာကြည့်တိုက်များ ၀န်ဆောင်မှု မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကို မတ်လ(၁၃)ရက်နေ့ နံနက်(၉)နာရီက မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
          အခမ်းအနားတွင် ရှေးဦးစွာ မကွေးတိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိင်္ဂီမှ အဖွင့်အမှာစကားပြောကြားပြီး မင်းဘူးမြို့နယ် စာပေနှင့် စာနယ်ဇင်းအဖွဲ့ဝင် ဦးသန်းထွန်းမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့သည်။ထို့နောက် မင်းဘူးခရိုင် ဦးစီးအရာရှိ ဦးသန်းဌေးမှ အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြေကြားခဲ့ပြီး စာကြည့်တိုက်များ ၀န်ဆောင်မှု မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကို စတင်ကျင်းပခဲ့သည်။
          အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မင်းဘူးမြို့နယ်အတွင်းမှ ကျေးရွာစာကြည့်တိုက်တာဝန်ခံ (၃၀)ဦးတက် ရောက်ဆွေးနွေးခဲ့ပြီး၊ ကျေးရွာစာကြည့်တိုက်များ၏ လက်တွေ့ဆောင်ရွက်နေရမှု အတွေ့အကြုံများကို နှီးနှော ဖလှယ်  အပြန်အလှန် ဆွေးနွေးတင်ပြခဲ့ကြကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment