Saturday, March 12, 2016

မင်းဘူးမြို့ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာ ဖြေဆိုလျက်ရှ



မင်းဘူး        မတ်      ၉
မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်၏ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲများ ကို မတ်လ(၉)ရက်နေ့ နံနက်(၉)နာရီမှ စ၍ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
မင်းဘူး(စကု)မြို့နယ်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ(၁၁၉၅)ဦး၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်သား/ ကျောင်းသူ (၉၀၀)ဦးနှင့် စကုမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၆၅၂)ဦး၊စုစုပေါင်း (၂၇၄၇) ဦးရှိကြောင်းနှင့် စာမေးပွဲကာလအတွင်း ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန် မြိုနယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ကျောင်းသား/ ကျောင်းသူမိဘများမှ အထူးကြပ်မတ် ဆောင်ရွက်ပေးနေလျက်ရှိကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)
သတင်းရိုက်ကူး/ရေးသားပေးပို့သူ - ဦးတင်ထွန်းဦး(မင်းဘူးခရိုင်ပြန်/ဆက်)

0 comments:

Post a Comment