Tuesday, March 15, 2016

မင်းဘူး(စကု)မြို့နယ် စာရေးဆရာအသင်း မျက်နှာစုံညီ အစည်းအဝေးနှင့် ရွေးချယ်တင်မြှောက်ပွဲကျင်းပ




မင်းဘူး         မတ်        ၁၅ 
          မင်းဘူး(စကု)မြို့နယ်၊ စာရေးဆရာအသင်းမျက်နှာစုံညီ အစည်းအဝေးနှင့် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို မတ်လ(၁၅)ရက်နေ့ နံနက်(၁၀)နာရီက မင်းဘူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခန်းမတွင်ကျင်းပခဲ့သည်။
          အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဌေးမှ နှုတ်ခွန်းဆက်အမှာစကားပြောကြား ခဲ့သည်။ထို့နောက် ရွေးချယ်တင်မြှောက်ပွဲကော်မရှင်အဖွဲ့ဝင်(မြို့နယ်စာရေးဆရာအသင်းဝင်) စာရေးဆရာ လင်းယုနောင်မှ မျက်နှာစုံညီအစည်းအဝေးကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံ စာရေးဆရာအသင်းဗဟိုဦးစီးအဖွဲ့ဝင် ဦးသန်းထွန်းမှ ရွေးချယ်တင်မြှောက်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြော ကြားခဲ့သည်။
          ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းဝင် ဦးမြလွင်မှ အစည်းအဝေးအခမ်းအနားဖြစ်ပေါ်လာပုံကို ရှင်းလင်းပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းအမှုဆောင်အဖွဲ့၏ အစီရင်ခံစာကို ဖတ်ကြားတင်ပြပါသည်။
          ၎င်းနောက် မြို့နယ်စာရေးဆရာအသင်းအမှုဆောင် ညီလာခံကိုယ်စားလှယ်များရွေးချယ် တင်မြှောက်ခြင်းနှင့် အမှုဆောင် ကိုယ်စားလှယ်အမည်စာရင်းများကြေညာပြီး ရွေးချယ်တင်မြှောက်ခံရသည့် အမှုဆောင်အဖွဲ့ဝင်များကော်မရှင်၏ရှေ့မှောက်တွင် ကတိသစ္စာပြုကြကာ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
          အဆိုပါ မင်းဘူး(စကု)မြို့နယ် စာရေးဆရာအသင်း အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲတွင် ဥက္ကဋ္ဌ ဦးသန်းထွန်း (သန်းထွန်း-စကု)၊အတွင်းရေးမှူး ဦးမြလွင်(မြလွင်အောင်-မင်းဘူး)၊ဘဏ္ဍာရေးမှူး ဦးတင်ဝင်း (တင်ဘုန်းဝင်း)၊အဖွဲ့ဝင်များအဖြစ် ဦးကျော်ဆွေ(စကု-ဆွေသစ်)နှင့် ဦးအေးကြူ(မောင်ခက်ကျူ-ရွှေစကု)တို့အား အများသဘောတူး မဲပေးရွေးချယ်တင်မြှောက်ခဲ့ကြပြီး ညီလာခံကိုယ်စားလှယ်အဖြစ် ဦးသန်းထွန်း(သန်းထွန်း-စကု)အား ရွေးချယ်ခဲ့ကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment