Wednesday, March 2, 2016

မြိုင်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်


မြိုင်-ဖေဖော်ဝါရီ- ၂၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား
ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲကို ဖေဖော်ဝါရီ(၂၉)ရက်နေ့ နံနက်(၉)နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်း
အဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းအောင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်
ရေးမှူးများနှင့် အုပ်ချုပ်မှုသက်တမ်း(၅)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့ကြသည့် လုပ်ငန်းများ အဆင်ပြေချော
မွေ့စွာ ဆောင်ရွက်နိုင်ခဲ့ကြကြောင်းနှင့် ပတ်သက်၍ အကျယ်တ၀င့်ရှင်းလင်းပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်
ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းတို့က ရပ်ကွက်/ကျေးရွာအုပ်စု (၈၄)အုပ်စုမှ အုပ်ချုပ်ရေးမှူးများအား
ဇုံနယ်မြေ (၅)ခုခွဲ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြကြောင်းသိရသည်။

(အောင်ကျော်မြင့်)
      မြို့နယ်သတင်းထောက်
       မြိုင်မြို့

0 comments:

Post a Comment