Saturday, March 19, 2016

မကွေးမြို့နယ် ညောင်ပင်သာကျေးရွာ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်လှူဒါန်း


မကွေး    မတ်     ၁၈
မကွေးမြို့နယ် ကန်သာကြီးကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာတွင် မတ်လ ၁၆ ရက်နေ့က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၁၈၂)လုံး မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် ညောင်ပင်သာကျေးရွာမှ အိမ်ထောင်စု(၂၁၁)စု၊ ကျေးရွာပြည်သူ(၇၃၈)ဦး မီးဘေးသင့်ခဲ့သည့်အတွက် အနယ်နယ်အရပ်ရပ်မှ စေတနာရှင် အလှူရှင် ပြည်သူများ၊ဌာနဆိုင်ရာအသီးသီးနှင့် လူမှုရေးအသင်းအဖွဲ့များ မှ အဆိုပါကျေးရွာသို့ လာရောက်ကာ ထောက်ပံ့ပစ္စည်းများပေးအပ်လျူဒါန်းလျှက်ရှိသည်။
ထိုသို့လှူဒါန်းရာတွင် မကွေးတိုင်းဒေသကြီး တိုင်း/ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီး ကြပ်ရေးအဖွဲ့နှင့်တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့တို့မှ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ညောင်ပင်သာ ကျေးရွာ မီးဘေးသင့် ပြည်သူများအား အိမ်ထောင်တစ်စုလျှင် ငွေကျပ်(၁၃၀၀၀/-)ဖြင့် အိမ်ထောင်စု(၂၁၁)စု အတွက် စုစုပေါင်းငွေကျပ်( ၂၇၄၃၀၀၀/-)နှင့်ထောက်ပံ့ပစ္စည်း တန်ဘိုး(၄၉၈၀၀၀/-)ကျပ် စုစုပေါင်းငွေကျပ် (၃၂၄၁၀၀၀/-)ကို အိမ်ထောင်စုအလိုက် ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment