စလင်းမတ်
၂၇
၂၀၁၄-၂၀၁၅ နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီးရန်ပုံငွေ
ကျပ်သန်း ၆၈၃သန်း အသုံးပြု၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၆)မှ
တာဝန်ယူတည်ဆောက်သော လက်ပံကျင်းချောင်းတံတား ဖွင့်ပွဲအခမ်းအနားအား ယနေ့ နံနက် ၇ နာရီခွဲအချိန်က
အဆိုပါတံတားမုဉ်ဦးရှေ့၌ ကျင်းပသည်။
အခမ်းအနားတွင်အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်
နှင့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေတို့မှ အဖွင့်အမှာစကားပြောကြားပြီး
မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဥက္ကဌ ဦးအေးဟန်ချိုမှ ဒေသခံများကိုယ်စား
ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် မကွေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန
ဝန်ကြီးဦးဝင်းဖေ ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊လမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဝင်းဖေ
၊ တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှးချုပ်ဦးရွှေလေးနှင့် မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ခရိုင်အုပ်ချုပ်ရေးမှူး
ဦးသိန်းဇော်တို့မှ လက်ပံကျင်းချောင်းတံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီးအမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေတို့မှ
ကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ကာ ကျောက်စာတိုင်အား
အမွှေးနံ့သာရည်ပက်ဖြန်းခဲ့ကြသည်။
ဆက်လက်၍
တံတားဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဧည့်သည်တော်များ ၊ဌာနဆိုင်ရာဝန်ထမ်းများ ၊
ဒေသခံများ မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးကြပြီး လက်ပံကျင်းချောင်းတံတားပေါ်သို့
ဖြတ်သန်းကြည့်ရှုကြသည်။ အဆိုပါတံတားသည် စလင်း-စေတုတ္တရာလမ်း၊ မိုင်တိုင်အမှတ်(၇/၆ -
၇/၇)ကြား ၊စလင်းမြို့နယ်အတွင်း၌တည်ရှိပြီး တံတားအရှည် (၃၆၀)ပေ၊ အကျယ်၂၄ပေ(နှစ်လမ်းသွား)၊လူသွားလမ်းအကျယ်တစ်ဘက်(၂)ပေစီဖြင့်
တံတားခံနိုင်ဝန် တန်(၆၀)ရှိ သံကူကွန်ကရစ်အမျိးအစားဖြစ်ကာ၊ ၂၀၁၅ခုနှစ်မတ်လ၂၅ရက်နေ့တွင်
စီမံကိန်းစတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၆ခုနှစ် မတ်လ ၂၅ရက် နေ့တွင်
လုပ်ငန်းများပြီးစီးခဲ့ကြောင်းနှင့်လက်ပံကျင်းချောင်းတံတားအားသံကူကွန်ကရစ်တံတားအဖြစ်
အခိုင်အမာ တည်ဆောက်ဖွင့်လှစ်ပေးသည့်အတွက် ဒေသခံပြည်သူများ ၀မ်းမြောက်ပျော်ရွှင်လျှက်ရှိကြောင်း
သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment