Saturday, March 19, 2016

ကလေးတရားစခန်းနှင့်ယဉ်ကျေးလိမ္မာသင်တန်း(ထန်းဆယ်ပင်ကျေးရွာ၊ရေစကြိုမြို့နယ်)တွင်၁၀ရက်သင်တန်းဖွင့်


မကွေးတိုင်းဒေသကြီးရေစကြိုမြို့နယ်ထန်းဆယ်ပင်ကျေးရွာမဟာဝိဇယာရာမကျောင်းတိုက်ဘ၀အလင်း(ဘ.က ပညာရေးကျောင်း)တွင်ကလေးတ၇ားစခန်းပွဲနှင့်ဗုဒ္ဓဘယစယဉ်ကျေးလိမ္မာသင်တန်းကို(17.3.2016)ရက်နေ့မှ(27.3.2016)ရက်နေ့အခိသင်တန်းကာလ(၁၀)ရက်ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်းသိရှိရပါသည်။
ကလေးများကိုလူတော်လူကောင်းလူယဉ်ကျေးကလေးများဖြစ်လာစေဖို့ဘုန်းကြီး၊လူကြီးမိဘဆရာများနှင့်ကျေးရွာသူ၊ကျေးရွာသားအားလုံးလက်တွဲညီညာဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါစို့ဘူသောကြွေးကြော်သံဖြင့်ဖွင့်လှစ်ခဲ့သောယဉ်ကျေးလိမ္မာသင်တန်းဖြစ်ပါသည်။ အဖွင့်တွင် ဘ၀အလလင်း(ဘ.က ပညာရေးကျောင်း)ကျောင်းအုပ်ဆရာတော်အဂ္ဂစာရမှအဖွင့်မိန့်ကြားရာတါင်အမျိုးဘာသာသာသနာ၏တာဝန်များကိုလွှဲပြောင်းတာဝန်ယူထမ်းဆောင်ကြမည့်ယနေ့လူငယ်မောင်မယ်၊သားငယ်၊သမီးငယ်များကိုနိုင်ငံတန်ဖိုး၊ဘာသာသာသနာတန်ဖိုးများမိဘဆရာများ၏ဂုဏ်ကျေးဇူးတရားများကိုသိရှိနားလည်သောသားကောင်းသမီးကောင်းလူချွန်လူမွန်လူယဉ်ကျေးကလေးများဖြစ်ထွန်းပေါ်ပေါက်လာစေရေးရည်ရွယ်မျှော်တွေးလှက်ကလေးတရားစခန်းနှင့်ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကိုဖွင့်လှစ်သင်ကြားရခြင်းဖြစ်ကြောင်းမိဘများအနေဖြင့်မိမိတို့ရင်သွေးရတနာသား၊သမီးများကိုမေ့လျော့ပေါ့ဆစွာပစ်ပယ်မထားကြဘဲယဉ်ကျေးလိမ္မာသောကလေးများဖြစ်ကြဖို့လိုပြီးကလေးကေးလအထင်မသေးနဲ့ယနေ့ကလေးများသည်မနက်ဖြန်လူကြီးဖြစ်လာကြမည်။ကလေးကောင်းမှလူကြီးကောင်းမည်။လူကြီးကောင်းမှအားလုံးကောင်းမည်။အားလုံးကောင်းမှတိုင်းပြည်ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်၍ဘာသာသာသနာလည်းအရှည်တည်တံ့စည်ပင်ပြန့်ပွားထွန်းကားမည်ဖြစ်ကြောင်းဆရာတော်မှအဖွင့်မိန့်ကြားပါသည်။
သင်တန်းသို့ရန်ကုန်မြို့မှဆရာကြီးဒေါ်နာထကာရီ(ကမ္မဌာနစရိယ)လှိုင်မြို့နယ်နှင့်သင်တန်းဆရာ၊ဆရာမ(၁၀)ဦးမှသင်တန်းကလေးငယ်(၃၀၀)ကျော်အားသင်တန်းပို့ချပေးမည်ဖြစ်ပြီးအလှူရှင်များမှသင်တန်းကာလအတွင်းထမင်းနှင့်စားသောက်ဖွယ်ရာများလှူဒါန်းထားကြောင်းဦးသိန်းဝင်းမှပြောကြားပါသည်။

မောင်ကျော်ညွန့်(y.s.o)

0 comments:

Post a Comment