Tuesday, March 1, 2016

မင်းဘူး(စကု)မြို့နယ် အခြေခံပညာစာစစ်ဌာနများ လျှပ်စစ်အန္တရာယ် ကင်းရှင်း ကွင်းဆင်းစစ်ဆေး

မင်းဘူး        မတ်       ၁
မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်တွင် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများစိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ဖြေဆိုမည့် စာစစ်ဌာနများတွင် လျှပ်စစ်အန္တရာယ် လုံခြုံစိတ်ချရမှုရှိစေရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိရန် ရည်ရွယ်၍ ဖေဖော်ဝါရီလ(၂၉)ရက်နေ့က စာစစ်ဌာနများသို့ ကွင်းဆင်းစစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း ဦးဆောင်၍ ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်း၊မြို့နယ် ပညာရေးမှူးဒေါ်အေး အေး၊ မြို့နယ်လျှပ်စစ်အငယ်တန်းအင်ဂျင်နီယာ ဦးလှိုင်မင်းထက် နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်၍ မင်းဘူးမြို့နယ်အတွင်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းနှင့် စကုအခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကာ အဆိုပါကျောင်းများတွင် အသုံးပြုလျက်ရှိသော လျှပ်စစ်ဓါတ်အားလိုင်းကြိုးများ၊ လျှပ်စစ်မီးခလုပ်များ၊ မိန်းခုံများ ကောင်းမွန်မှု အခြေအနေတို့ကိုလိုက်လံစစ်ဆေး၍ လိုအပ်သည်တို့ကို ချက်ချင်း ပြန်လည်ပြုပြင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)
သတင်းဓါတ်ပုံ - သူရထွန်း
သတင်းရေးသားသူ - ဦးတင်ထွန်းဦး(မင်းဘူးခရိုင်ပြန်/ဆက်)

0 comments:

Post a Comment