Monday, March 28, 2016

(၇၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းဘူးမြို့ တိုးချဲ့ မြို့ရေပေးရေး ဖွင့်ပွဲကျင်းပ




မင်းဘူး        မတ်     ၂၆
          (၇၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းဘူးမြို့၊ ဗိုလ်ချုပ်လမ်း၊အမှတ်(၁)ရပ် ကွက် တိုးချဲ့ မြို့ရေပေးရေးဖွင့်ပွဲအခမ်းအနားအား မတ်လ(၂၆)ရက်နေ့ နံနက်(၇)နာရီအချိန်က အမှတ်(၁)ရပ်ကွက်  ရေသန့်စင်စက်ရုံ ရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

          အခမ်းအနားတွင် ရှေးဦးစွာ မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးသန်းမှ တိုးချဲ့မြို့ရေပေးရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဒေသခံမိဘပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
          ထို့နောက် တိုးချဲ့ရေပေးရေးဖွင့်ပွဲအထိမ်းအမှတ် ဖဲကြိုးအား မကွေးတိုင်ဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာန၊ ၀န်ကြီး ဦးနေရှင်း၊တိုင်းဒေသကြီးစည်ပင်သာယာရေး အဖွဲ့ညွှန်ကြားရေးမှူး ဦးစိုးသန်းနှင့် မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုးချဲ့ရေပေးရေး ဆိုင်းဘုတ်အား တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေမှ စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။
          ဆက်လက်၍ တိုးချဲ့ရေပေးရေးဆိုင်ဘုတ်အား အမွှေးနံ့သာ များပက်ဖြန်းပေးပြီး သန့်စင်ပြီးရေလှောင်ကန် အ၀င်ဂိတ်ဘားအား တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်မှ ဖွင့်လှစ်ပေးခဲ့သည်။
          ၎င်းနောက် ကြွရောက်လာသောဧည့်သည်တော်များနှင့်အတူ တိုးချဲ့မြို့ရေပေးရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဖွင့်ပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
          အဆိုပါ တိုးချဲ့မြို့ရေပေးရေးလုပ်ငန်းအား ဖွင့်လှစ်ပေးနိုင်ခဲ့သဖြင့် မင်းဘူးမြို့ပေါ်နေရပ်ကွက်များမှ ဒေသခံပြည်သူများ သောက်သုံရေလုံလောက်စွာဖြန့်ဝေပေးနိုင်မည်ဖြစ်ပြီး နိုင်ငံတော်၏ခွင့်ပြုငွေ ကျပ်(၁၆၃၄.၅၃)သန်းဖြင့် ဧရာဝတီမြစ်ရေအား တင်ပို့ပြီး ရေသန့်စင်စနစ် တည်ဆောက်ခြင်းလုပ်ငန်း၊ရေတင် ပိုက်လိုင်း (၈လက်မ/၆လက်မ)ပိုက်လိုင်းအလျား(၂၆၅၀၀)ပေ၊(၆လက်မ /၄လက်မ) ရေဖြန့်ပိုက်လိုင်းအလျား (၆၉၉၄၅)ပေ သွယ်တန်းဆောင်ရွက်ခြင်း၊မြင်းကောင်ရေ (၁၂.၅)ရှိ ရေမြှပ်ပန့် (၃)လုံးနှင့် မြင်းကောင်ရေ(၅၀)ရှိ ရေတင်စက် (၉)လုံး တပ်ဆင်ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့သည်။ မင်းဘူးမြို့ပေါ်(၄)ရပ်ကွက်တွင် အိမ်ခြေ (၅၂၀၅)အိမ်၊လူဦးရေ(၂၉၈၈၆)ဦးရှိပြီး အိမ်သွယ်ရေတိုင်ပေါင်း(၁၉၄၃)တိုင်ကို စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာ့ရေနံမှ ဖြန့်ဝေပေးခဲ့ရာ တစ်မြို့လုံး ရေလွှမ်းခြုံမှုသည် (၈၂.၄)ရာနှုန်းရှိခဲ့ရာမှ တိုးချဲ့မြို့ရေပေးရေးလုပ်ငန်း ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့သဖြင့်  မြို့လူဦးရေအရ တစ်ရက်ရေလိုအပ်ချက် ဂါလံ(၇)သိန်း တိုးချဲ့ ဖြန့်ဝေပေးနိုင်မည်ဖြစ်သည်။တိုးချဲ့ မြို့ရေပေးရေးလုပ်ငန်းမှ အိမ်သွယ်ရေတိုင်များတွင် ရေမီတာများတပ်ဆင်ပေး ထားပြီး တစ်ယူနစ်(ရေဂါလံ ၂၂၀) ကို (၅၀၀)ကျပ်ကောက်ခံသွားမည်ဖြစ်၍ ရေတစ်ဂါလံလျင် (၂.၂၇)ကျပ်သာ ကျသင့်မည်ဖြစ်ကြောင်းနှင့် ရေရှားပါးပြီး၊ မြေအောက်ရေတူးဖော်ရန်ခက်ခဲသော မင်းဘူးမြို့ ပေါ်နေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေကို ရာသီမရွေး ဖူလုံစွာရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment