Tuesday, March 1, 2016

ဖျောက်ဆိပ်ကုန်းကျေးရွာ မီး​ဘေးသင့် အိမ်ခြေ(၁၀၂) လုံး မီးလောင်ဆုံးရှုံး

  ၂၉ ရက်​​ဖေ​ဖော်​ဝါရီ

မ​ကွေးတိုင်း​ဒေသကြီးမကွေးခရိုင် တောင်တွင်းကြီးမြို.နယ် ညာဂမိုးအုပ်စု ဖျောက်ဆိပ်ကုန်ကျေးရွာ ​တောင်​တွင်းပြည်​ကားလမ်းတွင် ၂၀၁၆ခုနှစ် ဖေ ၂၉
ညနေ ၃ နာရီအချိန်ခန်.က ဦးမင်းမင်း ၂၉ နှစ်(ဘ)ဦးကျော်လှ တောင်သူ၏ ၄ပင် သွပ်မိုး ထရံကာနေအိမ်မှ
မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ၃ပင်ထရံကာသွပ်မိုး(၁၀)လုံး၊၄ပင် သွပ်မိုးထရံကာ(၈၅)လုံး၊တိုက်အိမ်
နံကပ်(၇)လုံး၊ စုစုပေါင်းအိမ်ခြေ(၁၀၂)လုံးခန်. မီးလောင်းကျွမ်းခဲ့ကြောင်းသိရပါတယ်။

အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားရာနေရာသို. မြို.နယ်အုပ်ချုပ်ရေးမှူး၊ မြို.နယ် မီးသတ်ဦးစီးမှူး နှင့်ဆက်သွား
မီးသတ်စခန်းများမှ မီးသတ်ယာဉ် (၃)စီး၊ တောင်တွင်းကြီးမြို.မှ မီးသတ်ယာဉ် (၁၈)စီး၊မကွေးခရိုင်မီးသတ်
ယာဉ်(၁)စီးရေသယ်ယာဉ်(၂)စီး၊ ဆက်သွားမီးသတ်စခန်းမှ(သန္ဓေ) ၈ ဦး၊တောင်တွင်းကြီးမီးသတ်(သန္ဓေ)
၂၂ ဦး၊အရန်မီးသတ်(၁၀၀)ဦး၊မြို.နယ်ရဲတပ်ဖွဲ. စခန်းမှ ရဲတပ်ဖွဲ.၀င်(၄၀)ဦး၊ တပ်မတော် ခ မ ရ (၁၀၃)မှ
တပ်ရေးဗိုလ်ကြီးပါ(၇၀)ဦး၊ စုစုပေါင်း အင်အား(၂၄၀)ဦးခန်.နှင့် ဒေသခံပြည်သူများ ၀ိုင်ဝန်မီးငြိမ်းသတ်
ခဲ့ရာ ညနေ၃နာရီ၄၅အချိန်တွင် မီးညွန်.ကျိုးခဲ့ပြီး ၄နာရီ၃၅မီနစ်အချိန်တွင်မီးငြိမ်းသွားခဲ့ကြောင်းသိရပါတယ်။

လက်ရှိတွင် မီးဘေးကယ်ဆယ်ရေးစခန်းအား ဖျောက်ဆိပ်ကုန်း အမက(၈၁)တွင် ဖွင့်လှစ်ဆောင်ရွက်
လျှက်ရှိကြောင်းကနဦးသတင်း ဖော်ပြသည်။
နောက်ဆက်တွဲသတင်းအရ မီး​ဘေးလွတ်​ ၁၅ အိမ်​ ဖြစ်​ပြီး လူဦး​ရေ ၆၂၀ တို့ အိုးမဲ့အိမ်​မဲ့ ဖြစ်​ခဲ့​ကြောင်း သိရသည်​။
``ကျွန်​​တော့ ဘဝမှာ ​တောင်​တွင်းကြီးမီး​ဘေး နှစ်​ခါကြုံဖူးတယ်​ အကြီးအကြယ်​ ​လောင်​တာပဲ ၇ တန်းနှစ်​ကတစ်​ခါ  ၁၀ တန်းနှစ်​ကတစ်​ခါ ​လောင်​လိုက်​တာ အကုန်​ပြာကျ တာပါဘဲ ဝိုင်းကူ မီးငြိမ်းမသတ်​ကြဘဲ ကိုယ်​လွတ်ုရုန်းတဲ့လူ များတယ်​  အခု ပိုဆိုးတာက ဟမ်းစက်​​တွေနဲ့ ဓာတ်​ပုံ ရိုက်​ကြ ဗီဒီယိုရိုက်​ ကြတာက ပိုဆိုးတယ်​ဗျာ´´ ဟု ​ဒေသခံတစ်​ဦးက ​ပြောပါသည်​။

ဦး​လေးဂျမ်း

0 comments:

Post a Comment