Monday, March 28, 2016

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ရာထူးအား ကြေညာချိန်တွင် ANP ပါတီမှ ကိုယ်စားလှယ်များ လွှတ်တော်ခန်းမအတွင်းမှ ထွက်ခွာ

Eleven Media Group added 4 new photos.
58 mins ·
‪#‎Eleven_Update_News‬ 28-March-2016 11:20 AM
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ရာထူးအား ကြေညာချိန်တွင် ANP ပါတီမှ ကိုယ်စားလှယ်များ လွှတ်တော်ခန်းမအတွင်းမှ ထွက်ခွာ
ယနေ့ (မတ်လ ၂၈ ရက်) တွင် ကျင်းပလျက် ရှိသော ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး ပဉ္စမနေ့တွင် နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ဦးထင်ကျော်မှ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ရာထူးအတွက် NLD ပါတီမှ ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးညီပုအား ပြည်နယ်လွှတ်တော်၌ ကြေညာသည့် အချိန်တွင် ANP ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ အားလုံးက လွှတ်တော်ခန်းမအတွင်းမှ ထွက်ခွာသွားကြောင်း သိရပါသည်။ စုစုပေါင်း လွှတ်တော်တက်ရောက်သူ ကိုယ်စားလှယ်ဦးရေ ၄၅ ဦးတွင် ANP ပါတီမှ လွှတ်တော်တက်ရောက်သူဦးရေ ၂၃ ဦးရှိကြောင်း သိရသည်။
“ANP ပါတီဟာ ရခိုင်မှာ နိုင်နေပေမယ့် ခုလိုမျိုး နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံထားရသူက ဦးညီပုကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာ တင်သွင်းခဲ့တာကို ရခိုင်ပြည်သူလူထု တစ်ရပ်လုံးကလည်း လက်မခံလို့ ရခိင်ပြည်သူလူထုကိုယ်စား ANP ပါတီဟာ ပြည်သူနဲ့ တစ်သားတည်းရှိတယ်ဆိုတာကို ဖော်ပြတဲ့အနေနဲ့ ထွက်ခွာသွားတာပါ။ ကန့်ကွက်တာလည်း မဟုတ်သလို ဆန္ဒပြတာလည်း မဟုတ်ပါဘူး” မြေပုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မဲဆန္ဒနယ်မှ ANP ပါတီကိုယ်စားလှယ် ဦးအောင်မြင့်မှ ပြောကြားသည်။
■ သန်းလှိုင် (စစ်တွေ)

0 comments:

Post a Comment