This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, March 31, 2016

ဘူးကျေးရွာ သုတကမ္ဘာ စာကြည့်တိုက်ဖွင့်ပွဲကျင်းပ


စေတုတ္တရာ      မတ်      ၃၁
မင်းဘူးခရိုင်၊စေတုတ္တရာမြို့နယ် ဘူးကျေးရွာ ပြည်သူများ စာဖတ်ခြင်းအလေ့အထကောင်းများရရှိစေရန်နှင့် အသိပညာ ဗဟုသုတတိုးပွားရရှိ၍ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်စေပြီး ကျေးလက်နေကျောင်းသား/သူများမှ လူရည်ချွန် များ ထွက်ပေါ်လာစေရန်ရည်ရွယ်၍ သုတကမ္ဘာစာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို မတ်လ(၃၀) ရက်နေ့နံနက်(၉)နာရီက စာကြည့်တိုက်ရှေ့တွင် ကျင်းပခဲ့သည်။
စာကြည့်တိုက် အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားအထိမ်းအမှတ်ဖဲကြိုးအား မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်နုနုလွင်၊ဘူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးစန်းအောင်နှင့် စာကြည့်တိုက် ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းမြင့်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဖွင့်ပွဲအထိမ်းအမှတ်အခမ်းအနား အားစာကြည့်တိုက်အတွင်း၌ ဆက်လက်ကျင်းပရာ ဘူးကျေးရွာအုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြား ခဲ့သည်။ဆက်လက်၍ မြို့နယ် ပြန်/ဆက် ဦးစီးဌာနမှူး ဒေါ်နုနုလွင်မှ စာကြည့်တိုက်ဖွင့်လှစ်ပေးရခြင်းအကြောင်း၊ စာဖတ်ခြင်းအလေ့အထကောင်းများရရှိစေပြီး စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲ ရေးအကြောင်းတို့ကို အကျယ်တ၀င့် ရှင်းလင်းပြောကြားပြီး သုတ/ရသစာအုပ်၊စာစောင်များအား စာကြည့်တိုက် တာဝန်ခံထံ ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါစာကြည့်တိုက်သည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း မတည်ငွေ ကျပ်(၁၀)သိန်း၊ပြည်သူလူထုထည့်ဝင်ငွေ(၂၀၉၂၅၆၀)ကျပ်၊စုစုပေါင်း (၃၀၉၂၅၆၀)ကျပ်ဖြင့် အလျား (၂၇)ပေ၊အနံ(၁၄)ပေ၊အမြင့် (၁၂)ပေရှိ အုပ်ညှပ် တစ်ထပ်တိုက်အဆောက်အဦဖြစ်ကြောင်းသိရှိရသည်။
စေတုတ္တရာမြို့နယ် ပြန်/ဆက် ဦးစီးဌာနမှူး၊ဒေါ်နုနုလွင်မှ “ မြို့နယ်အတွင်းရှိ ကျေးရွာနေ ပြည်သူလူထုများ အသိပညာ ဗဟုသုတ တိုးပွားရရှိစေပြီး ၊စာဖတ်ခြင်းအလေ့ အထကောင်းများ ရရှိစေရေးအတွက် နိုင်ငံတော်မတည်ငွေ၊စာကြည့်တိုက်ဖောင်ဒေးရှင်းမတည်ငွေနှင့် ပြည်သူလူထုထည့်ဝင် ငွေများဖြင့် ဘူးကျေးရွာ သုတကမ္ဘာစာကြည့်တိုက်၊ဒုံချောင်းကျေးရွာ ပညာဗိမာန်စာကြည့်တိုက်၊မကြီးစုကျေးရွာ တိုးတက်စာကြည့်တိုက်၊ညောင်အိုင်ကျေးရွာ ညောင်ပင်သာစာကြည့်တိုက်၊အောက်ပုံကျေးရွာ ထွန်းသစ်စ စာကြည့်တိုက်၊ စစ်ငန်းကျေးရွာ ဇွဲစာကြည့်တိုက်၊တပွင့်ကျေးရွာ အလင်းရောင်စာကြည့်တိုက်၊မကြီးစုကျေးရွာ ဗေဒါလမ်းစာကြည့်တိုက်၊ အောင်းကျေးရွာ ပညာရတနာစာကြည့်တိုက်၊ တန့်လည်ကျင်ကျေးရွာ အလင်းရောင် စာကြည့်တိုက်၊ကြီးဝကျေးရွာ မေတ္တာရောင်ခြည်စာကြည့်တိုက်၊ ပွင့်တောက်ကျေးရွာ ပွင့်ရတနာစာကြည့်တိုက်၊ ကြောင်သိုက်ကျေးရွာ ရောင်နီဦး စာကြည့်တိုက်၊အလယ်ပုံကျေးရွာ ပညာရွှေစင်စာကြည့်တိုက်၊ ပေါက်ချောင်း ကျေးရွာ အလင်းသော့ချက်စာကြည့်တိုက်၊ မြောင်းဦးကျေးရွာ ပွင့်သစ်စစာကြည့်တိုက်၊ မြေနီကုန်းကျေးရွာ လင်းရောင်ခြည်စာကြည့်တိုက်နှင့် ခြင်ပြစ်ကိုင်းကျေးရွာ ပညာပါရမီစာကြည့်တိုက်တို့ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ယနေ့ အချိန်ထိ စာဖတ်သူ/စာငှားသူများဖြင့် ရှင်သန်လျက်ရှိပါတယ်၊ ဆက်လက်ပြီး ကျန်ရှိကျေးရွာများကိုလည်း စာကြည့်တိုက်များ ထူးထောင်ဖွင့်လှစ်နိုင်ရေး အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်နေလျက်ပါ ”ဟု ပြောသည်။
စေတုတ္တရာမြို့နယ်သည် မင်းဘူးခရိုင်၏ အနောက်မြောက်ထောင့်တွင်တည်ရှိပြီး ချင်းတိုင်းရင်းသား အများစု နေထိုင်သော မြို့ဖြစ်ပြီး၊ မုန်းချောင်းတမံ၏ ၀န်ကျင် တောင်တန်းများပေါ်တွင် ကျေးရွာများ ပြောင်းရွှေ့တည်ဆောက်နေထိုင်ကြသော ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတ တိုးပွား ရရှိစေရန်နှင့် လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ကျေးရွာစာကြည့်တိုက်များကို ထူးထောင်ဖွင့်လှစ် ပေးရခြင်းဖြစ်ကြောင်းသိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ကတိသစ္စာပြု


မကွေး    မတ်     ၃၁
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့ နံနက်(၁၀း၀၀)နာရီက မကွေးတိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို မှ ကတိသစ္စာပြုခဲ့သည်။
ဆက်လက်ပြီး ၂၀၁၆ခုနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းဝင်းက တင်သွင်းပြီး ယင်းဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ၂၀၁၆ ခုနှစ်၊ ဧပြီလ(၄)ရက် (တနင်္လာနေ့) လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးမည် ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိပါက ဆွေးနွေးလိုသည့် အပိုဒ်၊ အကြောင်းအရာတို့ကို ဖော်ပြ၍  ၂၀၁၆ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ ရုံးချိန်အတွင်း လွှတ်တော်ရုံး ညွှန်ကြားရေးမှူးထံ အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး နဝမနေ့ အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ ဧပြီလ ၄ ရက် (တနင်္လာနေ့) (၁၀း၀၀)နာရီအချိန်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကကြေညာကာ အဋ္ဌမနေ့အစည်းအဝေးကို (၁၀း၃၅)အချိန် တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။
သန်းနိုင်ဦး(ငဖဲ)

Wednesday, March 30, 2016

*ပခုက္ကူမြို့ *၌ *စိတ်ကြွဆေးပြားများ လက်ဝယ်ထားရောင်းချသူများအားဖမ်း ဆီး*



                ပခုက္ကူမြို့၊ မြို့သစ်ရပ်ကွက်၊ချယ်ရီလမ်းရှိ
စားသောက်ဆိုင်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ အရောင်း အဝယ်ပြုလုပ်သူများအား
မတ်လ(၂၈)ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။  ဖြစ်စဉ်မှာ
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ
ရဲအုပ်မျိုးနိုင်နှင့်အဖွဲ့၊ပခုက္ကူမြို့မရဲစခန်းမှ
ဒုရဲအုပ်တင့်နိုင်ဝင်းနှင့်အဖွဲ့၊ ပခုက္ကူမူးယစ်တပ်ဖွဲ့စု(၁၅)မှ ရဲတပ်ကြီး
စိုးညွန့်အောင် တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် မတ်လ(၂၈)ရက်နေ့
ည(၈)နာရီ(၁၅)မိနစ်အချိန်က ပခုက္ကူမြို့၊ မြို့သစ်ရပ်ကွက်၊ ချယ်ရီလမ်းရှိ
ရွှေကောင်း စားသောက်ဆိုင်တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော
ဆေးပြားများအရောင်း အဝယ်ပြုလုပ်နေကြောင်း သတင်းအရ သွားရောက်စောင့်ဆိုင်းစဉ်
ကျော်ကြီး(ခ)ကျော်ဇင်ထွန်း၊ အသက်(၂၄)နှစ်၊
အမှတ်(၁၁)ရပ်ကွက်၊ပခုက္ကူမြို့နေသူနှင့်
ပိုင်ဖြိုးလွင်၊အသက်(၁၈)နှစ်၊အမှတ်(၁၁)ရပ်ကွက်၊ပခုက္ကူမြို့နေသူတို့အား
မသင်္ကာဖွယ်တွေ့ရှိ၍ ရှာဖွေစစ်ဆေးခဲ့ရာ  ကျော်ကြီး(ခ)ကျော်ဇင်ထွန်း၏
ပုဆိုးခါးကြားတွင် လိပ်လျှက် မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသော
ဆေးပြားများဟု ယူဆရသည့် 88 တစ်ဖက်တွင် 1 ဂဏန်းပါ နီညိုရောင်ဆေးပြား
(၂၀၀)ပြားပါသည့် ကမ္ဘာလုံးတံဆိပ်ပါ ပလပ်စတစ် အိတ်အပြာရောင် အိတ်သေး(၁)လုံးအား
ရှာဖွေတွေ့ရှိသိမ်းဆည်းခဲ့ပြီး ၎င်း၏ထွက်ဆိုအချက်အရ ပြာလောင်(ခ)ဌေးမင်းလှိုင်၊
အသက်(၄၀)နှစ်၊အမှတ်(၆)ရပ်ကွက်၊ပခုက္ကူမြို့နေသူပါ မူးယစ်ဆေးဝါးရောင်းချရာတွင်
ပါဝင်ကြောင်း သိရှိရ၍ သွားရောက် ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထံမှ
မူးယစ်ဆေးပြား(၂၀၀)ပြား၊ ငွေစက္ကူရောကျပ်(၁၁၉၈၀၀)၊ လက်ကိုင်ဖုန်း(၂)လုံး၊
ဆိုင်ကယ်(၃)စီး၊ ပလပ်စတစ်အိတ်သေး(၆)လုံးတို့အား
သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ယင်းသိမ်းဆည်းရမိခဲ့မှုနှင့်ပက်သက်၍
ကျော်ကြီး(ခ)ကျော်ဇင်ထွန်းပါ (၃)ဦးအား အရေးယူပေးရန် မတ်လ(၂၉)ရက်နေ့တွင်
ရဲအုပ်မျိုးနိုင်မှတိုင်ကြားခဲ့သောကြောင့် ပခုက္ကူမြို့နယ်၊မြို့မရဲစခန်းမှ
မယ(ပ)၁/၂၀၁၆၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁
ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။


                                          kzy

မင်းဘူးမြို့တွင် ကမ္ဘာ့တီဘီ ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကျင်းပ




မင်းဘူး      မတ်    ၃၀
          ကမ္ဘာ့တီဘီ ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၀၁၆)အခမ်းအနားအား မင်းဘူးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မတ်လ(၃၀)ရက်နေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
          အခမ်းအနားတွင် မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှ အဖွင့်မိန့်ခွန်းပြောကြားပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ငွေမှ ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၏ (၂၀၁၆)ခုနှစ် ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနား ဖွင့်ပွဲမိန့်ခွန်းအား ဖတ်ကြားခဲ့သည်။
          ဆက်လက်၍ မင်းဘူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဆရာ ဦးသန်းထွန်းအောင်မှ တီဘီရောဂါ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
          အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ ကျန်းမာရေး ၀န်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

သဘာဝတောထိန်းလုပ်ငန်းမှ ထွက်ရှိသောထင်းများ အခမဲ့ ဖြန့်ဝေ




မင်းဘူး       မတ်       ၃၀
          မင်းဘူးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ၊မြောက်ဆားဗွက်ကြိုးဝိုင်း အကွက်အမှတ် (၂၀၊၂၂)၌ သဘာဝ တောထိန်းလုပ်ငန်းဧက(၂၀၀၀)မှ ထွက်ရှိသော ထင်းများအား သီးကုန်းကျေးရွာ နှင့် မြောက်ဆားဗွက်ကြိုးဝိုင်း အတွင်းရှိ တောင်ယာတဲစုများတွင်နေထိုင်သော ဒေသခံပြည်သူများထံ  မတ်လ(၂၉)ရက်နေ့ နံနက်ပိုင်းက ထင်းများအခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။
          မင်းဘူးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်၊ မြောက် ဆားဗွက်ကြိုးဝိုးအကွက်အမှတ်(၂၀၊၂၂)တွင် သဘာဝတောကျန်များထိန်းသိမ်းခြင်းလုပ်ငန်း ဧက(၂၀၀၀) ထိန်းသိမ်းခဲ့ပြီး (၂၀၀)ဧကအား ဓမ္မတာမျိုးဆက်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့သည်။ဓမ္မတာမျိုး ဆက်ခြင်းလုပ်ငန်းဖြစ်သော ကိုင်းတက်ချိုင်ပေးခြင်း၊ပင်ပူးများခွာခြင်း၊ အောက်ခြေပေါင်းရှင်းခြင်း၊ နွယ်ဖြတ်ခြင်း လုပ်ငန်းများ၊ငုတ်ဟောင်း/ငုတ်ပျက်များချွန်သပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ထင်း (၈ ဒဿမ ၃၁)တန် ထွက်ရှိခဲ့ပြီး ၎င်းထင်းများအား ဦးစီးအရာရှိ ဦးဝင်းဘိုနှင့် ၀န်ထမ်းများမှ  သီးကုန်းကျေးရွာ နှင် သစ်တောကြိုးဝိုင်းအတွင်းရှိ တောင်ယာ တဲစုများတွင် နေထိုင်သော မိသားများထံသို့ တစ်အိမ်ထောင်လျင် (၀.၅၂)တန်စီအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ဒေသခံပြည်သူများ သစ်တောသစ်ပင်များကို တန်ဖိုးထားတတ်လာပြီး စနစ်တကျ ထိန်းသိမ်းလိုစိတ်များဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

တတိယအကြိမ် ငဖဲမြို့လုံးဆိုင်ရာ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ ကျင်းပ




ငဖဲ     မတ်     ၃၀
          ငဖဲမြို့ မြို့မရပ်ကွက် မဟာသမယာမ ပရိယတ္တိကျောင်းသစ်ကျောင်း၌ ငဖဲမြို့ပေါ်နှင့်နီးစပ် ရာကျေးရွာများမှ ကလေးသူငယ်များ ကျောင်းသား ကျောင်းသူများ ဘာသာရေး ဗဟုသုတ တိုးပွားစေကာ အမျိုးဘာသာ သာသနာချစ်စိတ်များ ရှင်သန်တိုးပွားစေရန် ရည်သန်လျှက် မျိုးဆက်သစ်သားငယ် သမီးငယ်များအတွက် တတိယအကြိမ်မြောက် ငဖဲမြို့လုံးဆိုင်ရာ ယဉ်ကျေး လိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါကျောင်းတွင် ကျင်းပရာ ငဖဲမြို့ရှိ နာယကဆရာတော်(၃)ပါး၊ သင်ကြားရေးဆရာတော်(၉)ပါး၊ ဖိတ်ကြားထားသောဆရာ တော်များ၊ ဌာနဆိုင်ရာများနှင့် မြို့နယ်ဖွံ့ထောက်ကော်မတီဝင်များ၊ အလှူရှင်များနှင့်ကျောင်းသား ကျောင်းသူများ တက်ရောက်၍ နမောတဿ(၃)ကြိမ်ရွက်ဆို အခမ်းအနား ဖွင့်လှစ်ခဲ့သည်။
          အခမ်းအနားတွင် မြို့နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဌ ရောင်ခြည်ဦးကျောင်း ဆရာတော် ဦးန္ဒြာစာရထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ယဉ်ကျေးလိမ္မာသင်တန်း ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ ဥက္ကဌ ကုန်းမြင့်ရတနာတိုက်ကျောင်း ဆရာတော် ဦးသောမစာရက သင်တန်းနှင့် စပ်လျဉ်း၍ သြ၀ါဒစကားမိန့်ကြားခဲ့သည်။ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းဇော်က ဘာသာရေး၊သာသနာရေးဆိုင်ရာ ကိစ္စများ တင်ပြလျှောက်ထားပြီး ကံသာတိုက်ကျောင်း ဆရာ တော် ဦးကောသလ္လက သင်တန်းနှင့်ဆက်စပ်၍ လိုအပ်သည်များကို ရှင်းလင်းမိန့်ကြားပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွက်ဆိုကာ အခမ်းအနားပိတ်သိမ်းခဲ့သည်။
          တတိယအကြိမ်မြောက် ငဖဲမြို့လုံးဆိုင်ရာ ယဉ်ကျေးလိမ္မာသင်တန်းသို့ တက်ရောက်သည့် ကျောင်းသား ကျောင်းသူ(၂၁၂)ဦးရှိပြီး၊ (၃၀-၃-၂၀၁၆)ရက်နေ့မှ(၉-၄-၂၀၁၆)ထိ (၁၁)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့်အဆိုပါ သင်တန်းသား/သူများအား သင်တန်းကာလ အတွင်း နေ့စဉ် နေ့လည်စာကျွေးမွေးခြင်း၊ အဖျော်ရည်တိုက်ကျွေးခြင်းများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

မြေလတ်ဂျာနယ် အတွဲ(၂)၊ အမှတ်(၄) ၂၀၁၆၊ ဧပြီ ၁-၁၅ ရက်ထုတ် ဂျာနယ်ထွက်ပါပြီ...

မြေလတ်ဂျာနယ် မထွက်သေးဘူးလား..၊ မထွက်သေးဘူးလား မေးနေသော  စာဖတ်ပရိသတ်ကြီးအတွက်
မြေလတ်ဂျာနယ် အတွဲ(၂)၊ အမှတ်(၄) ၂၀၁၆၊ ဧပြီ ၁-၁၅ ရက်ထုတ် ဂျာနယ်ထွက်ပါပြီ...။
မြေလတ်ဂျာနယ်မှာ (၁၅)ရက်တစ်ကြိမ် မပျက်မကွက်ထုတ်ဝေခဲ့ပါသည်။ အခြားဂျာနယ်များအတိုင်း သင်္ကြန်တွင်း တစ်ပတ်နားပါမည်။
 အတွဲ(၂)၊ အမှတ်(၅) မြေလတ်ဂျာနယ်ကို မေ(၁)ရက်နေ့မှာ ပြန်လည်ထုတ်ဝေမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေး ပန်ကြားအပ်ပါသည်။

မြေလတ်ဂျာနယ်(၁၅)ရက်တစ်ကြိမ်ထုတ်ဝေဖြန့်ချိသော်လည်း၊ နေ့စဉ်သတင်းများကို မြေလတ်မီဒီယာ သတင်းစာအား မြေလတ်မီဒီယာ APK မှာ အခမဲ့နေစဉ်ဖတ်ရှုနိုင်ပါသည်။

အမှုဆောင်အယ်ဒီတာအဖွဲ့

ညောင်ကိုင်းကျေးရွာအုပ်ချုပ်ရေး မှူးပြန်လည် ရွေးချယ်ပေးရေးလှည့်လည် ဆန္ဒဖေါ်ထုတ်


-------------------------------------------------------
မြို့သစ် မတ် ၃၀
-------------------------------------------------------
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်
ညောင်ကိုင်းကျေးရွာအုပ်စု၊ညောင်ကိုင်းကျေးရွာ
နေဦးမင်းအောင် (အသက်/ ၂၉ >နှစ် ၏လျှောက်ထားချက်အရမြို့သစ်မြို့နယ်ရဲ
တပ်ဖွဲ့မှူးရုံး၏ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းအတွက်ခွင့်ပြုချက် အမှတ်စဉ်(၁/၂၀၁၆)ဖြင့်ညောင်ကိုင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးပြန်လည်ရွေးချယ်ရေးနှင့်
ပတ်သက်၍ (၂၀၁၆ ခုနှစ် မတ်လ (၃၀) ရက်
(၀၉း၀၀)နာရီအချိန် ကမြို့သစ်မြို့ပေါ်သို့
ငြိမ်းချမ်းစွာလှည့်လည်၍ဆန္ဒဖေါ်ထုတ်ခဲ့
ကြောင်းသိရသည် ။


ဆန္ဒဖေါ်ထုတ်ရာတွင် အုပ်ချုပ်ရေးမှူး
အသစ်ပြန်လည်ရွေးချယ်ပေးရေး အဖြူရောင်
စာတန်းနှင့်နောက်ခံအစိမ်းရောင် ၊ အလျား(၃)
ပေ၊ အနံ(၁)ပေရှိဗီနိုင်းဆိုင်းဘုတ်(၃)ချပ်အား
ဝါးရိုးတပ်၍လူနှစ်ဦးစီမှကိုင်ဆောင်ခဲ့ပြီး
¥ ညောင်ကိုင်းအုပ်စုအုပ်ချုပ်ရေးမှူးအသစ်
ပြန်လည်ရွေးချယ်ပေးရေး ¥ ဒို့အရေး ¥
¥¥ ဥပဒေနှင့်အညီပြန်လည်ရွေးချယ်ပေးရေး
¥ ဒို့အရေး ¥¥ ဟူသော ကြွေးကြော်သံများ
ကြွေးကြော်ခဲ့ပြီး တောင်တွင်း ။ မြို့သစ် ။
နတိမောက် လမ်းမှ စာတိုက်လမ်း ။ ဗိုလ်မင်းရောင်လမ်း ၊ ရုံးကြီးလမ်း ၊ အုပ်ချုပ်ရေး
မှူးရုံးရှေ့ (သံလွင်လမ်း )၊အတိုင်းလှည့်လည်
ဆန္ဒဖေါ်ထုတ်ခဲ့ကြောင်းသိရသည်။
-----------------------¥-----------------------------
သန်းဝင်းထွန်း( မြို့သစ် )