Monday, February 29, 2016

၂၀၁၅-ခုနှစ် မိုးရာသီ ဘဏ်ချေးငွေပြေကြေသည့် ရပ်ကွက်/ကျေးရွာအုပ်စုများအား ဆုချီးမြှင်ပွဲကျင်းပ

မင်းဘူး      ဖေဖော်ဝါရီ      ၂၉
မင်းဘူးခရိုင်၊မင်းဘူး(စကု)မြို့နယ်တွင် ၂၀၁၅-ခုနှစ် မိုးရာသီဘဏ်ချေးငွေပြေကြေမှု ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ(၂၉)ရက်နေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး မင်းဘူးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးဝင်းဇော်မှ ဘဏ်ချေးငွေပြေကြေစွာဆပ်ခဲ့သောကျေးရွာများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျေးရွာအုပ်စုအလိုက် ဘဏ်ချေးငွေများ ပြေကြေစွာအမြန်ဆုံး ဆပ်နိုင်ခဲ့သော ရပ်ကွက်/ကျေးရွာ အုပ်စု ချေးငွေစီစစ်ရေးဥက္ကဋ္ဌ(အုပ်ချုပ်ရေးမှူး)များနှင့် အတွင်းရေးမှူးများအား မြို့နယ်အုပ်ချုပ်ရေးမှူး၊မြို့နယ်ဖွံ့ဖြိုးဘဏ် မန်နေဂျာနှင့်တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကာ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
အဆိုပါချီးမြှင့်ပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး စာရေးများ၊ ကျေးရွာအုပ်စု ဘဏ်ချေးငွေစီစစ်ရေးအဖွဲ့အတွင်းရေးမှူးများတက်ရောက်ခဲ့ကြပြီး ၂၀၁၅-ခုနှစ် ဘဏ်ချေး ငွေများ မြို့နယ်လုံးကျွတ် ရာနှုန်းပြည့် ပြေကြေစွာပေးဆပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်းသိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)
သတင်းရေးသားသူ - ဦးတင်ထွန်းဦး(မင်းဘူးခရိုင်ပြန်/ဆက်)

0 comments:

Post a Comment