Saturday, February 27, 2016

မင်းဘူးမြို့နယ်၊ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲခွဲဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်


မင်းဘူး ဖေဖော်ဝါရီ ၂၆
မင်းဘူးမြို့နယ်၊ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များအား ဂုဏ်ပြု မှတ်တမ်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ(၂၆)ရက်နေ့ နံနက်(၁၀)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဝင်းမှ ဂုဏ်ပြု အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ခဲ့သည်။ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များမှ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များအား ဂုဏ်ပြုမှတ်တမ်းနှင့်ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါဂုဏ်ပြုပွဲတွင် မြို့နယ်၊ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင် (၄၀၅)ဦးအားဂုဏ်ပြုမှတ်တမ်းနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment