Saturday, February 27, 2016

အမျိုးသားကာကွယ်ဆေးတိုက်နေ့အခမ်းအနားကျင်းပ

မင်းဘူး      ဖေဖော်ဝါရီ    ၂၂
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊မင်းဘူး(စကု)မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် အမျိုးသားကာကွယ်ဆေးတိုက်နေ့များ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၂၀)ရက်နေ့ နံနက်(၈)နာရီက မင်းဘူးမြို့ အမှတ်(၂)ရပ်ကွက်ရှိ အောင်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး ကျန်းမာရေး ၀န်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး၏ အဖွင့်မိန့်ခွန်းအား မင်းဘူးခရိုင် ပြည်သူ့ကျန်းရေးဦးစီးဌာနမျူး ဒေါက်တာ တင်ငွေမှ ဖတ်ကြားခဲ့သည်။
ထို့နောက် မင်းဘူးခရိုင်ပြန်ညသူ့ကျန်းမာရေးဦးစီးဌာန၊မြို့နယ်ကျန်းမာရေးမှူး ဦးသန်းထွန်းအောင်မှ အမျိုးသားကာကွယ်ဆေးတိုက်နေ့များအကြောင်း ရှင်းလင်းတင်ပြပြီး ကြွရောက်လ်ာသော ဧည့်သည်တော်များနှင့်အတူ မွေးကင်းစမှ (၅)နှစ်အောက် ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် အရုပ်များ လက်ဆောင်ပေးအပ်ခဲ့ကြသည်။မင်းဘူးမြို့နယ် အမျိုးသားကာကွယ်ဆေး တိုက်ကျွေးခြင်း အခမ်းအနားကို မြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများ စိတ်ပါဝင်စားစွာ ပါဝင်ဆောင်ရွက် စေရန်အတွက် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဖေဖော်ဝါရီလ(၁၉)ရက်နေ့ ညနေပိုင်းတွင် ဖျော်ဖြေရေး ယာဉ်များဖြင့် လှည့်လည် စည်းရုံး လှုံ့ဆော်ခဲ့ကြသည်။
အမျိုးသားကာကွယ်ဆေးတိုက်နေ့များကို ဖေဖော်ဝါရီလ(၂၀)ရက်နေ့မှ (၂၂)ရက်နေ့အထိ အစုလိုက် (OPV ) တိုက်ကျွေးသွားမည်ဖြစ်သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ကလေး မိခင်များနှင့် ကလေးငယ်များ၊လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
တင်ထွန်းဦ(မင်းဘူး)

0 comments:

Post a Comment