Saturday, February 27, 2016

မင်းဘူး(စကု)မြို့နယ် မဲရုံများတွင် တာဝန်ထမ်းဆောင်ခဲ့သော မဲရုံမှူး၊ဒု-မဲရုံးမှူးနှင့်မဲရုံ အဖွဲ့ဝင်များအား ဂုဏ်ပြုပွဲကျင်းပ

မင်းဘူး        ဖေဖော်ဝါရီ      ၂၃
မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော မဲရုံမှူး၊ဒု-မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်းအနားကို ဖေဖော်ဝါရီလ(၂၁)ရက်နေ့ နံနက်(၁၀)နာရီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းမှ နှုတ်ခွန်းဆက်အမှာစကားပြောကြား ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ဝင်းမှ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးဦးညီညီဝင်းမှ မင်းဘူး(စကု)မြို့နယ် အမှတ်(၁)ရပ်ကွက်မဲရုံတွင် တာဝန်ထမ်းဆောင်ခဲ့ သည့်မဲရုံမှူး၊ဒု-မဲရုံမှူးနှင့်အဖွဲ့ဝင်များအားလည်းကောင်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌမှ အမှတ်(၂) ရပ်ကွက်မဲရုံမှ မဲရုံမှူးနှင့်အဖွဲ့ဝင်များအားလည်းကောင်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသိန်းနိုင်မှ အမှတ်(၃)ရပ်ကွက်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင် စုရပ်တာဝန်ခံများမှ မိမိတို့စုရပ် အလိုက် မဲရုံမှူး၊ဒု-မဲရုံမှူးနှင့်အဖွဲ့ဝင်များအားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌမှ ကျေးဇူးတင်စကားပြောကြားကာအခမ်း အနားကိုရုပ်သိမ်းခဲ့သည်။
၂၀၁၆-ခုနှစ်၊မင်းဘူးမြို့နယ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မဲရုံပေါင်း(၁၇၂)ရုံရာ မဲဆန္ဒရှင်ပေါင်း (၁)သိန်း(၃)သောင်းကျော်ရှိပြီး (၉၉ ဒဿမ ၉၉)ရာနှုန်းအောင်မြင်ခဲ့ကာ (၀ ဒဿမ ၁)ရာနှုန်း ကန့်ကွက်လွှာ များရှိခဲ့၍ ရွေးကောက်ပွဲကြီးအောင်မြင်စွာကျင်းပနိုင်ရေး တာဝန်ထမ်းဆောင်ခဲ့သည် မဲရုံမှူးနှင့်အဖွဲ့ဝင်အားလုံး တို့၏ ကောင်းမွန်သောသမိုင်းမှတ်တမ်း တစ်ခု စိုက်ထူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment