Saturday, February 27, 2016

မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်



မင်းဘူး      ဖေဖော်ဝါရီ      ၂၃
မင်းဘူးမြို့နယ် မြို့မဈေးကြီး မီးဘေးလုံခြုံစေရေးအတွက် မီးဘေးဇာတ်တိုက်လေ့ကျင့်ပွဲကို ဖေဖော်ဝါရီလ (၂၃)ရက်နေ့၊နံနက်(၁၀)နာရီက မင်းဘူးမြို့မဈေးကြီးတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ မီးဘေးလုံခြုံရေးဇာတ်တိုက်လေ့ကျင့်ပွဲသို့ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော် ဦးဆောင် ၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊မြို့မဈေးကော်မတီဝင်များ၊မြို့နယ်စည်ပင် သာယာရေး ကော်မတီဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးသူ/ဈေးသားများ အင်အား(၇၀)ဦးခန့် တက်ရောက်ကာ မီးဘေးအန္တရာယ်ဖြစ်ပွားလာပါက မီးငြှိမ်းသတ်နည်းများနှင့် ဆောင်ရွက်ရန်နည်းလမ်းများကို မီးသတ်ယာဉ်(၂)စီးဖြင့် သရုပ်ပြလေကျင့်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment