Saturday, February 27, 2016

ကုလားပဲစေ့များ ချွေလှေ


မြိုင်-ဖေဖော်ဝါရီ-၂၅

အညာမြေတောင်သူဦးကြီးများ နိုဝင်ဘာလအတွင်းမှ စိုက်ပျိုးခဲ့ကြသော ကုလားပဲများကို ဖေဖော်ဝါရီ တတိယပတ်တွင် စတင်ရိတ်သိမ်းကြပြီး ကုလားပဲစေ့များ ချွေလှေ့ခြင်းကို ဖေဖော်ဝါရီ(၂၅)ရက်နေ့က
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ အင်းရောင်းကျေးရွာအုပ်စု၊ အင်းရောင်းကျေးရွာ တောင်သူ ဦးသန်းလွင် အိမ်ဝန်းမြေတလင်း၌ ဆောင်ရွက်ကြသည်။
အဆိုပါ ကုလားပဲစေ့များ ချွေလှေ့ခြင်းလုပ်ငန်းတွင် ရိတ်သိမ်းပြီး အသီးများပါသော ကုလားပဲပင်
များကို မြေတလင်း၌ တစ်ပတ်ခန့်ဖြန့်၍ နေလှန်းအခြောက်ခံကာ အပင်ကိုင်းမှ အသီးများတစ်ခြားစီဖြစ်ရန် ဒုတ်များ
ဖြင့်  ပုတ်ခါခြင်း၊ နွားများနှင့် နင်းခြေခြင်းများ ဆောင်ရွက်ကြပြီး စုပုံကာ ကုလားပဲချွေလှေ့စက်တွင်ထည့်၍ ဆောင်ရွက်ပါက ကုလားပဲစေ့နှင့် အသီးခွံများ၊ အရိုးကိုင်းများ သီးခြားစီရရှိသည်။  ကုလားပဲကောင်းပါက
လယ်တစ်ဧကလျှင် (၁၅)တင်းရရှိကြောင်းသိရသည်။

(အောင်ကျော်မြင့်)
        မြို့နယ်သတင်းထောက်
       မြိုင်မြို့

0 comments:

Post a Comment