Saturday, February 27, 2016

နွေရာသီရေရှား ပြတ်လတ်မှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်


ပွင့်ဖြူ     ဖေဖော်ဝါရီ     ၂၄
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာအုပ်စု၊ ချောင်းဆုံကျေးရွာအုပ်စုနှင့် ဆင်လူးကျေးရွာအုပ်စု အတွင်းရှိ ရေပုတ်ကြီးကျေးရွာ၊လက်ယက်ကျေးရွာ၊ဆင်လူးကျေးရွာ များတွင်  ယခင်နှစ်များက နွေရာသီ သောက်သုံးရေ ရှားပါးမှုများဖြစ်ပေါ်ခဲ့သဖြင့် ယခုအခါ ရေရှားပါးပြတ်လတ်မှုမရှိစေရေးအတွက်  ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်ကျော်၊မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီ ဥက္ကဌ ဦးပါ တို့မှဦးဆောင်ကာ ကျေးရွာများရှိ စက်ရေတွင်းများနှင့်ရေတွင်းရေကန်များတွင် သောက်သုံးရေ ပြတ်လတ်မှုမရှိစေရေး လက်ရှိရေသုံးစွဲမှု၊ ရေလက်ကျန်အခြေအနေများအား ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။
ထို့ပြင် အဆိုပါ ကျေးရွာများရှိ ပူးပေါင်းဆောင်ရွက်မည့် ကျေးရွာကော်မတီ၊ လူမှုအဖွဲ့ အစည်းများနှင့်တွေ့ဆုံကာ အခက်အခဲကြုံတွေ့ပါက ဆက်သွယ်ဆောင်ရွက်မည့် တယ်လီဖုန်း နံပါတ်များပေးအပ်ထားရှိပြီး ဆောင်ရွက်မည့်အစီအစဉ်များအား ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment