Saturday, February 27, 2016

မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အသိပညာပေး ဟောပြောပွဲများဆက်လက်ဆောင်ရွက်



မင်းဘူး     ဖေဖော်ဝါရီ     ၂၄
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အသိပညာဗဟုတ များရရှိ၍ လူနေမှုဘ၀များ ဖွံ့ဖြိုးတက်လာစေရန်ရည်ရွယ်၍ စုပေါင်း ဟောပြောပွဲများကို ဖေဖော်ဝါရီလ (၂၃)ရက်နေ့၊နေ့လည်(၂)နာရီက ကုန်းသာကျေးရွာ အ.လ.က(ခွဲ)ကျောင်းတွင် လည်းကောင်း၊ညနေ(၄)နာရီအချိန်က ကန်ရေကျေးရွာ သာသနာ့ရက္ခိတကျောင်းတိုက် ဓမ္မာရုံတွင်လည်ကောင်း ပြုလုပ်ခဲ့သည်။
အဆိုပါကျေးရွာများတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး၊ အမှတ်(၁၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး ရဲအုပ် ကျော်ဇင်ဦးမှ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများအကြောင်း ဟောပြောခြင်းနှင့် သရုပ်ပြခြင်းများကိုလည်းကောင်း၊ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းမှ မီးဘေးလုံခြုံရေး ဆိုင်ရာအကြောင်းအရာများကိုလည်း ကောင်း၊မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ခင်ဝါ၀ါလှိုင် မှ အသိပညာ ဗဟုသုတတိုးပွားစေရန် စာဖတ်ကြပါ ခေါင်းစဉ် ဖြင့်လည်းကောင်း ဟောပြောခဲ့ကြပြီး၊အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့သည်။အဆိုပါ အသိပညာပေးအဖွဲ့သည် ဖေဖော်ဝါရီလ (၂၄)ရက်နေ့ နေ့လည်(၁)နာရီတွင် မယ်ဘေ့ကုန်းကျေးရွာတွင်လည်းကောင်း၊ညနေ(၃)နာရီတွင် ကျောက်စံကျေးရွာတွင်လည်းကောင်း နီးစပ်ရာကျေးရွာများမှ ပြည်သူများအားစုဝေး၍ အသိပညာပေးလုပ်ငန်း များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment