Saturday, February 27, 2016

မကွေးတက္ကသိုလ် မိသားစု (၂၀)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ ကျင်းပ


မကွေး     ဖေဖော်ဝါရီ      ၂၆
မကွေးတက္ကသိုလ် မိသားစု၏(၂၀)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာ အနုမောဓနာဓမ္မသဘင်ကို ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ကျောင်းသားကျောင်းသူများ စုပေါင်း ထမနဲထိုးခြင်း၊ပဒေသာပင်များ ဓမ္မာရုံသို့ပို့ဆောင်ခြင်းနှင့်ပဒေသာပင် အလှူစာရင်းများ ပေးပို့ခြင်းများဆောင်ရွက်ခဲ့ပြီး ယနေ့နံနက် ၇ နာရီတွင် မကွေးတက္ကသိုလ် ဓမ္မာရုံ၌ ဧည့်ပရိသတ် များအား မုန်းဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးကာ ကထိန်အနုမောဒနာတရား နာယူခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ထို့နောက် မကွေးမြို့ သံဃာရာမကျောင်းတိုက်သို့ ပဒေသာပင်များပို့ဆောင် ကပ်လှူခဲ့ကြ ပြီး ပင့်သံဃာအရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ အဆိုပါ တက္ကသိုလ် စုပေါင်း ဘုံကထိန်ပွဲတွင် ဘာသာရပ်အသီးသီးမှဆရာ/ဆရာမနှင့်ကျောင်းသား ကျောင်းသူများက လှူဒါန်းငွေကျပ်(၉၂၄၂၉၃၀)သိန်းနှင့် အဝေးသင်ကျောင်းသားကျောင်းသူများ လှူဒါန်းငွေကျပ် (၅၈၉၂၆၀၀) သိန်း၊စုစုပေါင်း(၁၅၁၃၅၅၃၀)သိန်းကို ဆက်ကပ်လှူဒါန်းနိုင်ခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment