Saturday, February 27, 2016

မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အသိပညာပေး ဟောပြောပွဲများဆောင်ရွ



မင်းဘူး     ဖေဖော်ဝါရီ     ၂၃
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အသိပညာဗဟုတ များရရှိ၍ လူနေမှုဘ၀များ ဖွံ့ဖြိုးတက်လာစေရန်ရည်ရွယ်၍ စုပေါင်း ဟောပြောပွဲများကို ဖေဖော်ဝါရီလ (၂၂)ရက်နေ့က ဆင်လမ်း ကြီးကျေးရွာ၊မောင်းမကန်ကျေးရွာနှင့် မုန်တောင်ကျေးရွာများသို့ကွင်းဆင်းသွားရောက်၍ ပြုလုပ်ခဲ့သည်။
အဆိုပါကျေးရွာများတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး၊ အမှတ်(၁၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး ရဲအုပ် ကျော်ဇင်ဦးမှ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများအကြောင်း ဟောပြောခြင်းနှင့် သရုပ်ပြခြင်းများကိုလည်းကောင်း၊ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းမှ မီးဘေးလုံခြုံရေး ဆိုင်ရာအကြောင်းအရာများကိုလည်း ကောင်း၊မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ခင်ဝါ၀ါလှိုင် မှ အသိပညာ ဗဟုသုတတိုးပွားစေရန် စာဖတ်ကြပါ ခေါင်းစဉ် ဖြင့်လည်းကောင်း ဟောပြောခဲ့ကြပြီး၊ မီးသတ်ဆေးဗူးများဖြင့် လက်တွေ့သရုပ်ပြခြင်းများ၊အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
သဲစုစုစိမ့်

0 comments:

Post a Comment