Monday, February 29, 2016

ကုလားပဲမျိုး စမ်းသပ်စိုက်ကွက် တောင်သူများအား ရှင်းလင်းပညာပေး


ပွင့်ဖြူ        ဖေဖော်ဝါရီ    ၂၉
မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်၊ကံသာကြီးကျေးရွာ၊ တောင်သူ ဦးမျိုးညွှန့်ဦး၏ ကွင်းအမှတ်(၉၁၀)ရှိ  လယ်(၁)ဧကတွင် ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကုလားပဲမျိုးများ စမ်းသပ်ယှဉ်ပြိုင်စိုက်ပျိုးအောင်မြင်မှုအား ဒေသခံတောင်သူဦးကြီးများအား ရှင်းလင်းဆွေးနွေးပညာပေးမှုကို ဖေဖော်ဝါရီလ (၂၈)ရက်နေ့ နံနက်(၁၀)နာရီအချိန်က အဆိုပါ စိုက်ကွင်းတွင်း ပြုလုပ်ခဲ့သည်။
လယ်(၁)ဧကအတွင်း ကုလားပဲမျိုးများဖြစ်သော  Dar အမျိုးအနွယ် ICCV 10102,ICCV 10111,ICCV 10114, ရေဆင်း(၄)၊ရေဆင်း(၆)နှင့် ACIAR အမျိုးအနွယ် ICCV 00108,ICCV 02-54 , ရေဆင်း(၄) မျိုးတို့ကိုယှဉ်ပြိုင် စမ်းသပ် စိုက်ပျိုးခဲ့ရာရေ/မြေ ဒေသအရ  သီးနှုန်းနှင့် အထွက်နှုန်းကောင်း၍ အောင်မြင်မှု အခြေအနေတို့ကို စိုက်ပျိုးရေးဝန်ကြီးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူး ဦးခင်မောင်ဝင်းတို့မှ ဒေသခံတောင်သူဦးကြီးများအား စိုက်ခင်းအတွင်း လက်တွေ့ ရှင်းလင်း ဆွေးနွေး ပညာပေးပြသခဲ့ကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)
သတင်းဓါတ်ပုံ - သူရထွန်း

0 comments:

Post a Comment