Saturday, February 20, 2016

(၆၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြိုင်မြို့၊ မြို့ရေပေးရေး ဂါလံ (၅၀၀၀၀)ဆံ့ ရေဖြန့်ဝေကန် ဖွင့်ပွဲကျင်းပ



မြိုင်-  ဖေဖေါ်ဝါရီ  - 
(၆၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်
မြိုင်မြို့၊ မြို့ရေပေးရေး ဂါလံ(၅၀၀၀၀)ဆံ့ ရေဖြန့်ဝေကန်ဖွင့်ပွဲကို ဖေဖေါ်ဝါရီ ၉ ရက်နေ့ နံနက် ၈နာရီခွဲက အမှတ်(၃)
ရပ်ကွက် မြင့်မိုရ်ရပ်၌ ကျင်းပပြုလုပ်သည်။
                   အဆိုပါ အခမ်းအနားတွင် မြို့နယ် ဖွံ့ဖြိုးရေးအထောက်အကူပြု ဥက္ကဋ္ဌ ဦးကျော်အေးက အဖွင့်အမှာ
စကားပြောကြားပြီး၊ မြို့နယ်စည်ပင်ပင်သာယာရေးအဖွဲ့ ကော်မတီဥက္ကဋ္ဌ ဦးအောင်သန်းက မြိုင်မြို့ပေါ်တွင် ရပ်ကွက်
(၁/၂/၃)ရှိ အိမ်ထောင်စု (၁၄၈၆)စုမှ လူဦးရေ(၆၈၀၇)ဦးတို့၏ တစ်ရက်ရေဂါလံ (၁၃၅၆၀၀) လိုအပ်မှာဖြစ်၍ လက်ရှိ
ရေပေးဝေမှုမှာ ရေဂါလံ (၂၀၀၀၀)ဆံ့   ရေကန်တစ်ကန်နှင့် (၁၀၀၀၀)ဆံ့   ရေဂါလံတစ်ကန်တို့မှ ရေဂါလံ(၁၂၀၀၀)
ကို မြို့ပေါ်ရပ်ကွက် (၃)ခုတို့အား အလှည့်ကျစနစ်ဖြင့် (၃)ရက် တစ်ကြိမ် ရေပေးဝေရေးတွင် လုံလောက်မှုမရှိသဖြင့်
ထပ်မံရေ ရရှိအောင် ဆောင်ရွက်ချက်များနှင့် ဂါလံ(၅၀၀၀၀)ဆံ့ ရေကန်ရရှိရန် ကြိုးစားဆောင်ရွက်မှုများကို ရှင်းလင်း
ပြောကြား၍ မြို့မိမြို့ဖများကိုယ်စား ဦးခွေးက ကျေးဇူးတင်စကားပြောကြားကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ
 အထိမ်းအမှတ် အလံများ ပေးအပ်ကြသည်။
                   ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ကော်မတီဥက္ကဋ္ဌ
နှင့် အမှုဆောင်အရာရှိ ဦးဟန်မြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ (ပုံ)
                   ယင်းရေဖြန့်ဝေကန်မှာ အလျားပေ ၄၀၊ အနံ ၃၅ပေ၊ အမြင့် ၈ပေ ရှိပြီး သွပ်မိုး၍ ရေဖြန့်ဝေကန်အတွက်
သီးသန့်၎လက်မ ပိုက်လိုင်းအား ရေတွန်းစက်ရုံမှ အရှည်ပေ(၄၈၇၀)ပိုက်လိုင်းဖြင့် တစ်ပါတည်းသွယ်တန်းထားကြောင်း
နှင့် ရေဖြန့်ကန် ဆောက်လုပ်ခြင်း၊ပိုက်လိုင်းသွယ်တန်းခြင်း၊ မြေ၀ယ်ယူခြင်း၊ ခြံစည်းရိုးခတ်ခြင်း အပါအ၀င် စုစုပေါင်း
 အဖွဲ့ဘတ်ဂျက်ငွေ ကျပ်သိန်း (၃၉၀)ကျခံသုံးစွဲခဲ့ကြောင်းနှင့် ယခင် ရေဖြန့်ဝေမှုကန်နှစ်ကန်မှရေဂါလံ(၃၀၀၀၀)ဆံ့နှင့်
 ယခုရေဂါလံ(၅၀၀၀၀)ဆံ့   စုစုပေါင်းရေဂါလံ(၈၀၀၀၀)ဆံ့တို့ဖြင့်    ရေဖြန့်ဝေပေးမည်ဖြစ်၍    မြို့ပေါ်နေ ပြည်သူများ
အနေဖြင့် နေ့စဉ် လုံလောက်စွာ သုံးစွဲနိုင်တော့မည့်အပြင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုပါ
ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

                                                                          အောင်ကျော်မြင့်

0 comments:

Post a Comment