This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, February 29, 2016

၂၀၁၆-ခုနှစ် စခန်းချတွေ့ဆုံပွဲ ဆောင်ရွက်မည့် ကင်းထောက်လူငယ်များမှ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်၏ သြ၀ါဒခံယူပွဲကျင်းပ


မကွေး        ဖေဖော်ဝါရီ      ၂၉
၂၀၁၆-ခုနှစ်၊စခန်းချတွေ့ဆုံပွဲဆောင်ရွက်မည့် ကင်းထောက်လူငယ်များမှ မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ ၀န်ကြီးချုပ်၏သြ၀ါဒ ခံယူပွဲအခမ်းအနားကို ဖေဖော်ဝါရီလ(၂၉)ရက်နေ့ နေ့လယ် (၁)နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ကင်းထောက်လူငယ်များမှ တစ်ဦးချင်မိတ်ဆက်ပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေမှ ၂၀၁၆-ခုနှစ်၊စခန်းချတွေ့ဆုံပွဲ ဆောင်ရွက်မည့် ကင်းထောက်လူငယ် များအား လမ်းညွှန်သြ၀ါဒစကားပြောကြားကာ ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။
ထို့နောက် ကင်းထောက်လူငယ်အဖွဲ့မှ အထက်တန်းကျောင်းသား မောင်တိုင်းဝင်းဌေးမှ ကျေးဇူးတင် စကားပြန်လည်ပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။
အဆိုပါကင်းထောက်လူငယ်အဖွဲ့သည် ၂၀၁၆-ခုနှစ်မှာ ပုပ္ပါးတောင်းကလပ်တွင် တွေ့ဆုံပွဲကျင်းပ သွားမည်ဖြစ်ပြီး မကွေးမြို့မှ မတ်လ(၁)ရက်နေ့မှစတင်ထွက်ခွာမည်ဖြစ်ကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)
သတင်းရိုက်ကူး/ရေးသားပေးပို့သူ - ဦးတင်ထွန်းဦး(မင်းဘူးခရိုင်ပြန်/ဆက်)

၂၀၁၅-ခုနှစ် မိုးရာသီ ဘဏ်ချေးငွေပြေကြေသည့် ရပ်ကွက်/ကျေးရွာအုပ်စုများအား ဆုချီးမြှင်ပွဲကျင်းပ

မင်းဘူး      ဖေဖော်ဝါရီ      ၂၉
မင်းဘူးခရိုင်၊မင်းဘူး(စကု)မြို့နယ်တွင် ၂၀၁၅-ခုနှစ် မိုးရာသီဘဏ်ချေးငွေပြေကြေမှု ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ(၂၉)ရက်နေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး မင်းဘူးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးဝင်းဇော်မှ ဘဏ်ချေးငွေပြေကြေစွာဆပ်ခဲ့သောကျေးရွာများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျေးရွာအုပ်စုအလိုက် ဘဏ်ချေးငွေများ ပြေကြေစွာအမြန်ဆုံး ဆပ်နိုင်ခဲ့သော ရပ်ကွက်/ကျေးရွာ အုပ်စု ချေးငွေစီစစ်ရေးဥက္ကဋ္ဌ(အုပ်ချုပ်ရေးမှူး)များနှင့် အတွင်းရေးမှူးများအား မြို့နယ်အုပ်ချုပ်ရေးမှူး၊မြို့နယ်ဖွံ့ဖြိုးဘဏ် မန်နေဂျာနှင့်တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကာ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
အဆိုပါချီးမြှင့်ပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး စာရေးများ၊ ကျေးရွာအုပ်စု ဘဏ်ချေးငွေစီစစ်ရေးအဖွဲ့အတွင်းရေးမှူးများတက်ရောက်ခဲ့ကြပြီး ၂၀၁၅-ခုနှစ် ဘဏ်ချေး ငွေများ မြို့နယ်လုံးကျွတ် ရာနှုန်းပြည့် ပြေကြေစွာပေးဆပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်းသိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)
သတင်းရေးသားသူ - ဦးတင်ထွန်းဦး(မင်းဘူးခရိုင်ပြန်/ဆက်)

ကုလားပဲမျိုး စမ်းသပ်စိုက်ကွက် တောင်သူများအား ရှင်းလင်းပညာပေး


ပွင့်ဖြူ        ဖေဖော်ဝါရီ    ၂၉
မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်၊ကံသာကြီးကျေးရွာ၊ တောင်သူ ဦးမျိုးညွှန့်ဦး၏ ကွင်းအမှတ်(၉၁၀)ရှိ  လယ်(၁)ဧကတွင် ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကုလားပဲမျိုးများ စမ်းသပ်ယှဉ်ပြိုင်စိုက်ပျိုးအောင်မြင်မှုအား ဒေသခံတောင်သူဦးကြီးများအား ရှင်းလင်းဆွေးနွေးပညာပေးမှုကို ဖေဖော်ဝါရီလ (၂၈)ရက်နေ့ နံနက်(၁၀)နာရီအချိန်က အဆိုပါ စိုက်ကွင်းတွင်း ပြုလုပ်ခဲ့သည်။
လယ်(၁)ဧကအတွင်း ကုလားပဲမျိုးများဖြစ်သော  Dar အမျိုးအနွယ် ICCV 10102,ICCV 10111,ICCV 10114, ရေဆင်း(၄)၊ရေဆင်း(၆)နှင့် ACIAR အမျိုးအနွယ် ICCV 00108,ICCV 02-54 , ရေဆင်း(၄) မျိုးတို့ကိုယှဉ်ပြိုင် စမ်းသပ် စိုက်ပျိုးခဲ့ရာရေ/မြေ ဒေသအရ  သီးနှုန်းနှင့် အထွက်နှုန်းကောင်း၍ အောင်မြင်မှု အခြေအနေတို့ကို စိုက်ပျိုးရေးဝန်ကြီးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူး ဦးခင်မောင်ဝင်းတို့မှ ဒေသခံတောင်သူဦးကြီးများအား စိုက်ခင်းအတွင်း လက်တွေ့ ရှင်းလင်း ဆွေးနွေး ပညာပေးပြသခဲ့ကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)
သတင်းဓါတ်ပုံ - သူရထွန်း

မြိုင် မြို့နယ်/ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ


မြိုင်-ဖေဖော်ဝါရီ-၂၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် ၂၀၁၅-ခုနှစ် နိုင်ဝင်ဘာ(၈)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် မြို့နယ်/
ရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ဖေဖော်ဝါရီ(၂၇)ရက်နေ့ နံနက်(၁၀)နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါချီးမြှင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းအောင်က ကျေးဇူးတင်စကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပခုက္ကူခရိုင် ကော်မရှင်အဖွဲ့ဝင်တို့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအား
လည်းကောင်း ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဌ ဦးခင်မောင်သန်းနှင့်အတွင်းရေးမှူး ဦးမျိုးမင်းသိန်းတို့က ရပ်ကွက်/ကျေးရွာအုပ်စု ၊ ကော်မရှင်အဖွဲ့ဝင်များအားလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ
ပေးအပ်ကြသည်။ဂုဏ်ပြုချီးမြှင့်ငွေမှာ တစ်ဦးလျှင် ငွေကျပ် တစ်သောင်းငါးထောင် ချီးမြှင့်ကြောင်းသိရသည်။

(အောင်ကျော်မြင့်)
        မြို့နယ်သတင်းထောက်
        မြိုင်မြို့

မြေလတ်ဂျာနယ် အတွဲ(၂) အမှတ်(၂) ၂၀၁၆၊ မတ်လ ၁- ၁၅ ရက် ဂျာနယ် ထွက်ပါပြီ

မြေလတ်ဂျာနယ် အတွဲ(၂) အမှတ်(၂) ၂၀၁၆၊ မတ်လ ၁- ၁၅ ရက်နေ့ထုတ် ဂျာနယ် ထွက်ပြါိပီ
အော်ဒါစာရင်းအတိုင်း ဖြန့်ချိ၍ ကြိုတင်အမှာစာများပေးပို့နိုင်ပါသည်။
စာဖတ်ပရိသတ်များအား အထူးကျေးဇူးတင်ပါသည်။
အမှုဆောင်အယ်ဒီတာအဖွဲ့

Saturday, February 27, 2016

မင်းရွာကျေးရွာတွင် ကိုယ့်အားကိုယ်ကိုးလျှပ်စစ်မီး ဖွင့်ပွဲကျင်းပ


မင်းဘူး     ဖေဖော်ဝါရီ     ၂၇
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြိုနယ် မင်းရွာကျေးရွာတွင် ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီး ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အဆိုပါကျေးရွာ ထရန်စဖော်မာစိုက်ထူ ထားသည့် ရွာလယ်ကွင်းတွင် ကျင်းပရာ မင်းရွာကျေးရွာ ကိုယ်အားကိုယ်ကိုး လျှပ်စစ်မီးဖွင့်ပွဲအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးအောင်နိုင်၊ တိုင်းဒေသကြီး လျှပ်စစ် ဒုတိယ အင်ဂျင်နီယာမှူး ဦးထွားညွှန့််နှင့်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေက ကိုယ်အားကိုယ်ကိုး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ မင်းရွာကျေားရွာ မီးလင်းရေးကော်မတီ နာယက ဦးဘိုစိန်မှ လျှပ်စစ်မီးလင်း ရေးနှင့်ပတ်သက်၍ပြောကြားရာတွင် ကျေးရွာမီးလင်းရေးကို(၂-၁၀-၂၀၁၂)ရက်နေ့မှ စတင်ကာ မီးတိုင်များစိုက်ထူခြင်း၊ လျှပ်စစ်မီးကြိုးများသွယ်တန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ငွေးကြေးပြည့်စုံလုံ လောက်မှုမရှိ၍ လုပ်ငန်းများရပ်ဆိုင်းထားရာမှ တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ ကူညီပံ့ပိုးမှုဖြင့် လုပ်ငန်းများပြန်လည်ဆောင်ရွက်ခဲ့ပြီး မီးလင်းရန်ကျန်ရှိသည့် အဓိကပစ္စည်း (၂၀၀) KVA ထရန်စဖော်မာနှင့်ဆက်စပ်ပစ္စည်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ခေတ္တ ကူညီ ပံ့ပိုးမှုဖြင့် ဆက်လက်ဝယ်ယူဆောင်ရွက်ခဲ့ပါကြောင်း၊ (၁၉-၂-၂၀၁၆)ရက်နေ့တွင် စတင်မီးလင်းခဲ့ ရာ ကျေးရွာအိမ်ခြေ(၁၉၇)အိမ်ရှိသည့်အနက် (၈၅)အိမ် လျှပ်စစ်မီးစတင်သုံးစွဲနေပြီဖြစ်ကြောင်း၊ လျှပ်စစ်မီးမရရှိသေးသည့် အိမ်ထောင်စုများအား ဆက်လက်ဆောင်ရွက်တပ်ဆင်ပေးလျှက်ရှိပါ ကြောင်း၊မင်းရွာကျေးရွာမီးလင်းရေးအတွက် ကုန်ကျငွေစုစုပေါင်း(၅၇၂)သိန်းကျော် ကုန်ကျခဲ့ပြီး ခေတ္တ ကူညီပံ့ပိုးငွေ သိန်း(၇၀)အားပြန်လည်ပေးဆပ်နိုင်ရန်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ မင်းရွာ ကျေးရွာတွင်လျှပ်စစ်မီးရရှိနေပြီဖြစ်သည့်အတွက် ပတ်ဝန်းကျင် ကျေးရွာများဖြစ်သည့် ပေကုန်း၊ ရွှေလောင်း၊လျှော်ဖြူတောကျေး၇ွာများမှလည်း မီးလင်းရေးလုပ်ငန်းကို ကိုယ်အားကိုယ်ကိုးဆောင် ရွက်မည်ဆိုပါက မီးလင်းနိုင်ကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။
ထို့နောက် မင်းရွောကျေးရွာ ကိုယ်အားကိုယ်ကိုး လျှပ်စစ်မီးဖွင့်ပွဲ အထိမ်းအမှတ် အလံများ ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီိးဝန်ကြီးချုပ်က လျှပ်စ်မီးလင်းရေးဆိုင်းဘုတ်အား အမွှေးနံ့သာရည် ပက်ဖြန်းပေးသည်။ ၄င်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲသည် ကျေးရွာအတွင်း လျှပ်စစ် သုံးစွဲမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ကျေးရွာပြည်သူများ လျှပ်စ်မီးကို အန္တရာယ် ကင်းရှင်းစွာ အသုံးပြုဆောင်ရွက်နိုင်ရေး ပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးရန် တိုင်းဒေသ ကြီး ၀န်ကြီးချုပ်က တာဝန်ရှိသူများအား မှာကြားခဲ့သည်။
သန်းနိုင်ဦး(ငဖဲ)

မကွေးမြို့ပြည်သူ့ဆေးရုံကြီးတွင် အမှတ်(၂၅) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်(၁၀၀)ဦး စုပေါင်းသွေးလှူဒါန်း


မကွေး    ဖေဖော်ဝါရီ    ၂၇
ပြည်သူ့အကျိုးပြုလုပ်ငန်းများအဖြစ် မကွေးမြို့ အမှတ်(၂၅) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်(၁၀၀)ဦးသည် ယနေ့နံနက်(၉)နာရီက မကွေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်း ပါသည်။ အမှတ်(၂၅)လုံခြုံရေးရဲတပ်ဖွဲ့ခွဲသည် ၂၀၁၃ခုနှစ် အောက်တိုဘာလတွင် တပ်ဖွဲ့ဝင်(၅၀)ဦးဖြင့် လည်းကောင်း ၂၀၁၅ခုနှစ် စက်တင်ဘာလတွင် တပ်ဖွဲ့ဝင်(၆၃)ဦးဖြင့်လည်းကောင်း ယခုတစ်ကြိမ် (၁၀၀)ဦးဖြင့်လည်းကောင်း မကွေးတိုင်းပြည်သူ့ဆေးရုံကြီးအတွက် စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
စုပေါင်းသွေးလှူဒါန်းခြင်းရည်ရွယ်ချက်မှာ လုံခြုံရေးရဲတပ်ဖွဲ့ခွဲရည်မှန်းချက် တာဝန်များမှ တစ်ရပ်ဖြစ်သည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုဆောင်ရွက်ရေးရည်မှန်းချက် အတွက် ပြည်သူတွေ အရေးပေါ်လိုအပ်နေသည့် သွေးများအတွက် ဖြည့်ဆည်းလှူဒါန်းပေးခြင်းဖြစ်ကြောင်း ယခုလိုစုပေါင်းသွေးလှူခြင်း အပြင် ဆေးရုံ၊ ဆေးခန်းများမှ အရေးပေါ်လိုအပ်ပါကလည်း ၎င်းတို့ တပ်ဖွဲ့မှ ချက်ချင်းသွားရောက်လှူဒါန်းပေးလျက်ရှိကြောင်း အမှတ်(၂၅)လုံခြုံရေးရဲတပ်ဖွဲ့ခွဲက ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး အောင်ထိန်းလင်းကပြောကြားပါသည်။
မကွေးမြို့ တိုင်းပြည်သူ့ဆေးရုံကြီးသည် တိုင်းဒေသကြီးဆေးရုံတစ်ရုံဖြစ်သည့်အတွက် လူနာများအားထားရာဆေးရုံဖြစ်ပါသည်။ တိုင်းဆေးရုံကြီး သွေးလှူဘဏ်တွင် လိုအပ်လျက်ရှိသော သွေးများကို ရေနံချောင်းမြို့မှ မြပါရမီသွေးလှူရှင်အဖွဲ့၊ မုန်းသွေးလှူရှင်အဖွဲ့များက (၁)လတစ်ကြိမ်လာ ရောက်လှူဒါန်းနေသကဲ့သို့ မိခင်နှင့်ကလေးစောင့်ရှောက်မှုအဖွဲ့၊ ရဲတပ်ဖွဲ့နှင့် တကသိုလ်များမှလည်း စုပေါင်းသွေးလှူဘဏ်တွင် သွေးသိုလှောင်ထားရှိသည့် အအေးခန်းရေခဲသေတာအရေအတွက်နည်းသည့် အတွက် စုပေါင်းသွေးလှူဒါန်းပွဲများလာရောက်ပါက သွေးသိုလှောင်ရန် အနည်းငယ်အခက်အခဲရှိသည့် အတွက် သွေးသိုလှောင်မှုပမာဏပြည့်သွားပါက နောက်ရက်များသို့ ပြန်လည်ချိန်းဆိုရကြောင်းသိရသည်။ မကွေးမြို့ တိုင်းပြည်သူ့ဆေးရုံကြီးတွင် သွေးလှူဘဏ်တွင် လိုအပ်လျက်ရှိသည့် အအေးခန်း ရေခဲသေတာလှူဒါန်းလိုပါက ဒေါက်တာမြတ်မြတ်မိုး၊ မကွေးသွေးလှူဘဏ်၊ ဖုန်း၀၉၅၃၃၇၂၄၃ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။
ခင်မာလာ(မကွေး)

မကွေးတက္ကသိုလ် မိသားစု (၂၀)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ ကျင်းပ


မကွေး     ဖေဖော်ဝါရီ      ၂၆
မကွေးတက္ကသိုလ် မိသားစု၏(၂၀)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာ အနုမောဓနာဓမ္မသဘင်ကို ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ကျောင်းသားကျောင်းသူများ စုပေါင်း ထမနဲထိုးခြင်း၊ပဒေသာပင်များ ဓမ္မာရုံသို့ပို့ဆောင်ခြင်းနှင့်ပဒေသာပင် အလှူစာရင်းများ ပေးပို့ခြင်းများဆောင်ရွက်ခဲ့ပြီး ယနေ့နံနက် ၇ နာရီတွင် မကွေးတက္ကသိုလ် ဓမ္မာရုံ၌ ဧည့်ပရိသတ် များအား မုန်းဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးကာ ကထိန်အနုမောဒနာတရား နာယူခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ထို့နောက် မကွေးမြို့ သံဃာရာမကျောင်းတိုက်သို့ ပဒေသာပင်များပို့ဆောင် ကပ်လှူခဲ့ကြ ပြီး ပင့်သံဃာအရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ အဆိုပါ တက္ကသိုလ် စုပေါင်း ဘုံကထိန်ပွဲတွင် ဘာသာရပ်အသီးသီးမှဆရာ/ဆရာမနှင့်ကျောင်းသား ကျောင်းသူများက လှူဒါန်းငွေကျပ်(၉၂၄၂၉၃၀)သိန်းနှင့် အဝေးသင်ကျောင်းသားကျောင်းသူများ လှူဒါန်းငွေကျပ် (၅၈၉၂၆၀၀) သိန်း၊စုစုပေါင်း(၁၅၁၃၅၅၃၀)သိန်းကို ဆက်ကပ်လှူဒါန်းနိုင်ခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပပြုလုပ်


မကွေး      ဖေဖော်ဝါရီ      ၂၆
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို (၂၆.၂. ၂၀၁၆) ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ စတင်ကျင်းပ ပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များတက် ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၈)ဦးတက်ရောက်၍ (၁၀၀) ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များမှ တစ်စုံတစ်ရာ ဆွေးနွေးမှု မရှိသဖြင့် လွှတ်တော်၏အဆုံးအဖြတ်ရယူကာ လွှတ်တော်ကအတည်ပြုကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။
၎င်းနောက် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီတွင် ဖွဲ့စည်းမည့် အဖွဲ့ဝင်များ၏အမည်စာရင်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များမှ တစ်စုံတစ်ရာ ဆွေးနွေးမှု မရှိသဖြင့် လွှတ်တော်၏အဆုံးအဖြတ်ရယူကာ လွှတ်တော်ကအတည်ပြုကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီတွင် ဖွဲ့စည်းတာဝန် ပေးအပ်မည့် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များမှ တစ်စုံတစ်ရာ ဆွေးနွေးမှုမရှိသဖြင့် လွှတ်တော်၏အဆုံးအဖြတ်ရယူကာ လွှတ်တော်ကအတည်ပြု ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၏ အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များမှ တစ်စုံတစ်ရာ ဆွေးနွေးမှုမရှိသဖြင့် လွှတ်တော်၏အဆုံးအဖြတ်ရယူကာ လွှတ်တော်ကအတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
၎င်းနောက် မကွေးတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီတွင် ဖွဲ့စည်းမည့် အဖွဲ့ဝင်များ၏အမည်စာရင်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များမှ တစ်စုံတစ်ရာ ဆွေးနွေးမှုမရှိသဖြင့် လွှတ်တော်၏အဆုံးအဖြတ်ရယူကာ လွှတ်တော်ကအတည်ပြုကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ တွင် ဖွဲ့စည်းတာဝန်ပေးအပ်မည့် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စား လှယ်များမှ တစ်စုံတစ်ရာဆွေးနွေးမှုမရှိသဖြင့် လွှတ်တော်၏အဆုံးအဖြတ်ရယူကာ လွှတ်တော်ကအတည်ပြု ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။
မကွေးတိုင်းဒေသကြီးလွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီကို အဖွဲ့ဝင်(၉)ဦးဖြင့် ဖွဲ့စည်းရန် လျာထားမှုစာရင်းကို လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ တင်ပြရာ လွှတ်တော် ကိုယ်စားလှယ်များမှ တစ်စုံတစ်ရာဆွေးနွေးမှုမရှိသဖြင့် လွှတ်တော်၏အဆုံးအဖြတ်ရယူကာ မကွေးတိုင်း ဒေသကြီးလွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီဖွဲ့စည်းမှုကို လျာထား တင်ပြချက် များအတိုင်း အတည်ပြုကြောင်း ကြေညာသည်။
ဆက်လက်ပြီး မင်းဘူးမဲဆန္ဒနယ်အမှတ်(၂)မှ ဦးနေမျိုးကျော်က မကွေးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်အချို့တွင် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်နေ့မှ (၂၀)ရက်နေ့အထိ ကျင်းပခဲ့သော စတုတ္ထတန်းနှင့် အဋ္ဌမတန်းမေးခွန်းများပေါက်ကြားခဲ့သည့် ကိစ္စနှင့်စပ်လျဉ်း၍ အရေးကြီးအဆို တင်သွင်းရာ မကွေးမဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်က ထောက်ခံ ဆွေးနွေးပြီး လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူသည့်အတွက် အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဆွေးနွေးလိုသည့် အကြောင်းအရာကို ဖော်ပြ၍ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၉)ရက်နေ့ ရုံးချိန်အတွင်း လွှတ်တော်ရုံးညွှန်ကြားရေးမှူးထံ အမည်စာရင်း တင်သွင်းနိုင် ကြောင်း ကြေညာသည်။
၎င်းနောက် လွှတ်တော်ဥက္ကဋ္ဌက မကွေးတိုင်းဒေသကြီးလွှတ်တော်အနေဖြင့် မီးဘေးသင့် ပြည်သူများ အား ပေးအပ်လှူဒါန်းရန်အတွက် လွှတ်တော်ကိုယ်စားလှယ်(၆၈)ဦး၏ ၂၆.၂.၂၀၁၆ ရက်နေ့ (၁)ရက်တာ အတွက် ရရှိမည့် နေ့တွက်စရိတ် စုစုပေါင်းငွေကျပ်(၁၃)သိန်း(၁)သောင်းကို သက်ဆိုင်ရာသို့ ပေးအပ်လှူဒါန်းသွားရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း လွှတ်တော်သို့တင်ပြရာ မီးဘေးသင့်ပြည်သူ များအား ပေးအပ်လှူဒါန်းမည့် အစီအစဉ်ကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို (၁၀၂၆) အချိန်တွင် ရပ်နားကြောင်းနှင့် စတုတ္ထနေ့အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ မတ်လ ၁ ရက် (အင်္ဂါနေ့) (၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကကြေညာ၍ အစည်းအဝေး ကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ

မင်းဘူးမြို့နယ်၊ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲခွဲဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်


မင်းဘူး ဖေဖော်ဝါရီ ၂၆
မင်းဘူးမြို့နယ်၊ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များအား ဂုဏ်ပြု မှတ်တမ်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ(၂၆)ရက်နေ့ နံနက်(၁၀)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဝင်းမှ ဂုဏ်ပြု အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ခဲ့သည်။ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များမှ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များအား ဂုဏ်ပြုမှတ်တမ်းနှင့်ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါဂုဏ်ပြုပွဲတွင် မြို့နယ်၊ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင် (၄၀၅)ဦးအားဂုဏ်ပြုမှတ်တမ်းနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

မီးဘေးအန္တရာယ်လုံခြုံရေး ဇာတ်တိုက်လေ့ကျင်


မင်းဘူး      ဖေဖော်ဝါရီ       ၂၆
မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် မီးဘေးအန္တရာယ်လုံခြုံရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့်အသိပညာပေးဟောပြောပွဲကို အဆိုပါရုံး၌ ဖေဖော်ဝါရီလ(၂၆)ရက်နေ့ နံနက်(၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မီးဘေးအန္တရာယ်လုံခြုံးရေးအတွက် ခရိုင်မီးသတ်ဦးစီးဌာန၊ဦးစီးမှူး ဦးထွန်းထွန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များမှ  မီးသတ်ယာဉ်တစ်စီးဖြင့် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဘုန်းလင်းနှင့်ဝန်ထမ်းများအား မီးငြိမ်းသတ်မှုလက်တွေ့သရုပ်ပြသခဲ့ပြီး ၀န်ထမ်းများအား အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

အေးချမ်းရွှင်ပျော် မန်းရွှေစက်တော် ဖူးမျှော်ကြစို့နော်


မင်းဘူး        ဖေဖော်ဝါရီ        ၂၆
မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရား ဗုဒ္ဓပူဇနိယဘုရားပွဲတော် ကြီးအား တပိုတွဲလဆန်း(၅)ရက်နေ့မှစ၍ (၂)လကြာ ရက်ရှည် စည်းကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ ထိုသို့ ဘုရားပွဲတော်ကြီး အေးချမ်းတည်ငြိမ် ပျော်ရွှင်ချမ်းမြေ့စွာကျင်းပလျက်ရှိရာမှ face book စာမျက်နှာတို့တွင် ဧရာဝတီမြစ်ရေကြီးမှုများကြောင့် မင်းဘူးမြို့ စိုးရိမ်ရေအမှတ်အထိ မြှင့်တက် လာနိုင်ကြောင်းနှင့် ဆက်စပ်၍ ဧရာဝတီမြစ်ရေမှ တဆင့် မန်းချောင်းအတွင်းဝင်ရောက်ကာ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကြီး ရေလွှမ်းမိုး နိုင်သည့် အနေအထားအထိ မဟုတ်မမှန် လုပ်ကြံရေးသား ဖော်ပြလျက်ရှိကြသည်။
မန်းရွှေစက်တော်သို့ စီးဆင်းလျက်ရှိသော မန်းချောင်းရေသည် ရခိုင်ရိုးမမှတဆင့် စတင်စီဆင်းလာပြီး ငဖဲမြို့နယ်၊ကျောင်းကုန်းကျေးရွာအနီးတွင် ရေဆင်းဧရိယာ (၁၃၆)စတုရန်မိုင်ရှည်လျှားသော ရေလှောင် ပမာဏ(၁၂၀၀၀၀)ဧကပေရှိ မန်းချောင်းရေတမံဖြင့် သိုလှောင်ထားရှိပြီး၊လက်ဝဲ/လက်ယာမြောင်းမကြီးများနှင့် မန်းချောင်းအတွင်းသို့ ရေများဖြန့်ဝေပေးနေလျက်ရှိသည်။ လက်ဝဲ/လက်ယာမြောင်းမကြီးများမှ နွေစပါးဧက (၁၅၆၀)ဧက စိုက်ပျိုးနိုင်ရန် ဖေဖော်ဝါရီလ(၁၅)ရက်နေ့မှ စတင်ရေများ လွှတ်ပေးလျက်ရှိပြီး အလယ်ပေါက်မှ မန်းရွှေစက်တော်ရာဘုရားပွဲတော် မှတဆင့် အိုင်မဆည်သို့ နွေနှမ်း (၁၄၀၀၀)ဧက စိုက်ပျိုးနိုင်ရန် ရေများ လွှတ်ပေးထားလျက်ရှိသည်။လက်ဝဲ/လက်ယာမြောင်းမကြီးများမှ (၅၀) ကုဗပေ/စက္ကန့်နှင့် အလယ်ပေါက်မှ (၁၀၀)ကုဗပေ/စက္ကန့် ၊စုစုပေါင်း (၁၅၀)ကုဗပေ/စက္ကန့် ရေများ ထုတ်လွှတ် ပေးနေလျက်ရှိရာ ငဖဲမြို့နယ်နှင့် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ တောင်သူများ နွေစပါးနှင့် နွေနှမ်းစိုက်ပျိုးနိုင်ရန် ထွန်ရေး ပြင်ဆင်ပျိုးထောင်နေလျက်ရှိကြသည်။
“မန်းချောင်းတမံဟာ ကန်ရေပြည့်ရေလှောင်ပမာဏ တစ်သိန်းနှစ်သောင်း ဧကပေရှိရာ၊ယခု (၁၀၃၁၅၀) ဧကပေရှိနေပြီး ကန်ရေပြည့်ရောက်ရန် (၁၆၈၅၀) ဧကပေလိုနေသေးပါတယ်၊မန်းချောင်းတမံမှ တဆင့် စိုက်ပျိုးရေများကိုလည်း နေ့စဉ်ထုတ်လွှတ်ပေးနေတာကြောင့် မန်းချောင်းရေကြီးပြီး ဘုရားပွဲတော်ကွင်း ရေလွှမ်းမိုးမှုဆိုတာ လုံးဝ မဖြစ်နိုင်တဲ့အရာပါ ” ဟု မင်းဘူးခရိုင်၊ဆည်မြောင်းဦးစီးဌာန၊ဦးစီးအရာရှိ ဦးမြတ်ဇော်သိန်းမှ ပြောသည်။
“မန်းရွှေစက်တော်ရာဘုရား ရေကြီးနိုင်တယ်ဆိုတဲ့ကိစ္စမှာ မြစ်ကြီးနားဘက်ရေကြီးတာကနေ ဧရာဝတီ မြစ်ရေမှတဆင့် မင်းဘူးမြို့ ကို စိုးရိမ်ရေအမှတ်ရောက်နိုင်တယ်လို ကြေညာထားတာရှိတယ်၊ မင်းဘူးမြို့ရဲ့ စိုးရိမ် ရေအမှတ်က (၁၇၆၀) စင်တီမီတာ၊ယခုလက်ရှိက (၅၄၈)စင်တီမီတာ ၊စိုးရိမ်ရေအမှတ်ရောက်ဖို့က (၁၂၁၂) စင်တီမီတာလိုသေးတယ်၊ဧရာဝတီမြစ်ရေတက်လာလျင်လည်း မန်းချောင်းမှတဆင့် မန်းရွှေစက်တော်ရာ ဘုရား
- ၂ -
ပွဲတော်ကွင်းအထိ ဆန်တက်လာနိုင်စရာအကြောင်းမရှိပါဘူး၊မန်းချောင်းရေ ဆန်တက်တယ်ဆိုတာလည်း တခါမှ မကြုံဘူးပါဘူး၊ဒါကြောင့် face book များက ဖော်ပြနေတာတွေကို အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူ များ ယုံမှားသံသယ မဖြစ်ကြပါနှင့်၊ဘုရားပွဲတော်ကြီးကို မီးသတ်အင်အား(၅၈)ဦး၊ကြက်ခြေနီ(၁၂)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ (၇၉)ဦးတို့ဖြင့် နေ့/ညမပြတ် မီးဘေး၊ရေဘေး လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး များကို စီမံ ဆောင်ရွက် ထားရှိပြီးလည်းဖြစ်ပါတယ်၊စိတ်အေးချမ်းသာစွာ မန်းချောင်းရေချို၍ ရေကစားနိုင်ရန် မန်းချောင်း အကျယ်(၈၀)ပေ၊အနက်(၂)ပေမှ (၃)ထိရှိပြီး အန္တရာယ်ဖြစ်စေနိုင်သော ရေ၀ဲနေရာများကိုလည်း ကန့်သတ်နယ်မြေအဖြစ် လုံခြုံစွာ ကာရံထားရှိပြီး သတိပေးဆိုင်းဘုတ်များလည်း ကြေညာထားပြီးဖြစ်ပါတယ်၊ ယခုလည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ နှင့် ပုံမှန်အတိုင်း စည်းကားလျက်ရှိပြီး အေးချမ်းတည်ငြိမ်စွာ ဘုရားပွဲတော်ကြီးကို နှစ်ဆန်း(၁)ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်” ဟု မန်းရွှေစက်တော် ဂေါပကအဖွဲ့ အထွေထွေစီမံ ဦးစိုးတင့်မှ ပြောသည်။
တစ်နှစ်မှတစ်ခါ၊ ရက်ရှည်ထူးခြားစွာကျင်းပမြဲဖြစ်သော အညာမြေ မင်းဘူးမြို့မှ မန်းရွှေစက်တော်ရာ ဗုဒ္ဓပူဇနိယ ဘုရား ပွဲတော်ကြီးကျင်းပသည့်ရက်များနှင့် ကြုံကြိုက်သည့်အခိုက် မြတ်ဗုဒ္ဓ၏ ပါဒခြေတော်ရာမြတ် နှစ်ဆူကို စိတ်အေးချမ်းသာစွာဖူးမျှော်၍ တောတောင်သဘာဝ ရှုခင်းအလှများနှင့် ရိုးရာဓလေ့ အထူးအဆန်း များကို ကြည့်ရှုလေ့လာရင်းဖြင့်  နမ္မဒါမန်းချောင်းရေ အေးအေးလေးမှာ ပျော်ရွင်ချမ်းမြေ့စွာရေကစားနိုင်ကြပါရန် တစ်ခေါက်တစ်ခါလောက် လာရောက်လှည့်ကြပါဟု  နှိုးဆော် တိုက်တွန်းလိုက်ရပေသည်။
တင်ထွန်းဦး(မင်းဘူး)
သတင်းဓါတ်ပုံ - သူရထွန်း

မှတ်ချက်။ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားမှု၊ခရိုင်ဆည်မြောင်းဦးစီးဌာနနှင့် မန်းရွှေစက်တော်ရာ ဘုရား ဂေါပကအဖွဲ့တို့၏ ပြောကြားချက်၊အတည်ပြုမှုများဖြင့် ကိုယ်တိုင်ရေးသားပေးပို့တင်ပြ အပ်ပါသည်။မန်းရွှေစက်တော်ရာဘုရားပွဲတော်သို့ လာရောက်ဖူးမျှော်ကြမည့် အများပြည်သူ များ သံသကင်းရှင်းစွာ လာရောက်ဖူးမျှော်နိုင်ရေးအတွက် ဖော်ပြပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။
တင်ထွန်းဦး(မင်းဘူး)