Sunday, January 17, 2016

မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ Technical Knowledge Sharing Training သင်တန်းဖွင့်လှစ်ပို့ချ


မကွေး     ဇန်န၀ါရီ     ၁၃
မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ Technical Knowledge Sharing Training  စက်ယန္တရားများဖြင့် မောင်းနှင်ခြင်း၊ ပြင်ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း ဆိုင်ရာ သင်တန်းကို      တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ရုံး၌ (၂၉-၁၂-၂၀၁၅)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး (၁၂-၁-၂၀၁၆)ရက်နေ့ထိ (၁၄)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့နှင့်MYANMAR KAIDO CO.,LTD.တို့ပူးပေါင်းကာ မြေတူးစက်၊မြေကော်စက်၊မြေထိုးစက်၊မြေညှိစက်စသည့် စက်ယန္တရား များအား စနစ်တကျ မောင်းနှင်၊ ပြင်ဆင်၊ ထိန်းသိမ်း ကိုင်တွယ်အသုံးပြုနိုင်ရန် မကွေးတိုင်း ဒေသကြီး စည်ပင်သာယာရေးအဖွဲ့  မြို့နယ်များမှ ယာဉ်မောင်း/စက်မောင်း ၀န်ထမ်း(၁၄)ဦး အား မြန်မာကိုင်ဒို ကုမ္ပဏီမှ သင်တန်းဆရာ ဦးနေလင်းထွန်း(M.E Mechanical)မှ ပထမအကြိမ် အဖြစ် ဖွင့်လှစ်ပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment