Sunday, January 17, 2016

မကွေးတက္ကသိုလ် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် အထူးပြုဘာသာရပ်အလိုက် အမျိုးသား အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ


မကွေး     ဇန်န၀ါရီ     ၁၃
မကွေးတက္ကသိုလ် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် အထူးပြုဘာသာရပ်အလိုက် အမျိုးသား အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မကွေးတက္ကသိုလ် လောလုံးကွင်းတွင် ကျင်းပရာ မကွေးတက္ကသိုလ် ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာခင်မောင်ဦး၊ ဒုတိယ ပါမောက္ခချုပ်များဖြစ်သည့် ဒေါက်တာသက်လွင်၊ ဒေါက်တာဝင်းစိုး နှင့် ပါမောက္ခဌာနမှူးများက အားကစားပြိုင်ပွဲဆုရ ကျောင်းသား ကျောင်းသူများအား ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်။
အဆိုပါ ပြေးခုန်ပစ် အားကစားပြိုင်ပွဲတွင် အမျိုးသား မီတာ ၁၀၀၊၂၀၀၊၄၀၀၊၁၅၀၀နှင့် အမျိုးသမီး မီတာ ၁၀၀၊၂၀၀၊၄၀၀၊၈၀၀ အပြေးပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး သလုံး၊ သံပြား ပစ်နှင့် အလျားခုန်ပြိုင်ပွဲများ၊ မီတာ ၄၀၀ အမျိုးသား/အမျိုးသမီး လက်ဆင့်ကမ်းပြိုင်ပွဲများ ထည့်သွင်း ကျင်းပခဲ့ပြီး ကျောင်းသား/ကျောင်းသူများက အထူးပြုဘာသာရပ်အလိုက် ၀င်ရောက် ယှဉ်ပြိုင်ကြရာ  တံခွန်စိုက်ဆုဖလားကို သင်္ချာဌာနမှ ရရှိခဲ့ကြောင်းနှင့် ဇန်န၀ါရီလအတွင်း ဘော့လုံး၊ဘော်လီဘော၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း  သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment