Sunday, January 17, 2016

တရားမ၀င်သစ်များ ဖမ်းဆီးရမိ



အောင်လံ      ဇန်နဝါရီ      ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုမြို့နယ် ရဲတပ်ဖွဲ့မှူး နှင့်အဖွဲ့၊ အောင်လံမြို့နယ် သစ်တောဦးစီးဌာနမှ ၀န်ထမ်းများ ပူးပေါင်းအဖွဲ့သည် ဇန်န၀ါရီ ၁၄ ရက်နေ့ ညနေ (၅)နာရီ အချိန်ခန့်က အောင်လံမြို့၊ ကျောက်ဆည်ကျေးရွာနေ မြင့်ခိုင် (၄၁)နှစ် ၏ နေအိမ် တွင် တရားမ၀င်ကျွန်းသစ်များ ရှိနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်ရှာဖွေ ရာ နေအိမ်ဝိုင်းအတွင်း၌ ကျွန်းသစ်များမတွေ့ရှိဘဲ ကျောက်ဆည်ကျေးရွာ ဘုန်းကြီးကျောင်းဝိုင်း အတွင်း စုပုံထားသည့် တရားမ၀င် ကျွန်းသစ်ခွဲသားဆိုဒ်စုံ (၀.၅၄)တန်၊ ပျဉ်းကတိုး ခွဲသားဆိုဒ်စုံ (၀.၄၂)တန်၊ စုစုပေါင်း (၀.၉၆)တန် (တန်ဖိုး ၂၀၇,၆၀၀ိ/-ခန့်) တွေ့ရှိ သိမ်းဆည်းရမိပြီး ၎င်းသစ် များမှာ မြင့်ခိုင် ပိုင်ဆိုင်သော သစ်များဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် မြင့်ခိုင်အား အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ်နယ်မြေရဲစခန်း (ပ)၆/ ၂၀၁၆၊ သစ်တောအက်ဥပဒေပုဒ်မ ၄၃(က) အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မောင်ညီညာ(မြေလတ်)

0 comments:

Post a Comment