Wednesday, January 27, 2016

စိန်လျှံထက် ပဲကြော်ဖို ဆီဒယ်အိုးအပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား



ပခုက္ကူ      ဇန်နဝါရီ     ၂၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်၊ (၂၁)လမ်းတွင် ဇန်န၀ါရီ ၂၃ ရက်နေ့ နေ့လည် (၁၂)နာရီအချိန်ခန့်တွင် မီးလောင်မှု  ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပခုက္ကူမြို့ အမှတ် (၁၁) ရပ်ကွက်၊ (၂၁)လမ်းနေ စိန်လျှံထက် ပဲကြော်လုပ်ငန်း လုပ်ကိုင်သူ ဦးကျော်ကျော် (၅၃)နှစ်၏ (၄x၄)ပင်၊ သွပ်မိုးအုတ်ကာ မြေစိုက် အုတ်တိုက်၏ နောက်ဖေးတွင် ပဲကြော်လုပ်ငန်း လုပ်ကိုင်ရန် အတွက် ဆောက်လုပ်ထားသော (၂၀x၁၅)ပေ သွပ်မိုး၊ မျှောတိုင်စိုက် (အကာမရှိ) တဲအတွင်း ပဲကြော်ရန် အတွက်တည်ထားသည့် ဆီဒယ်အိုးမှ အပူလွန်ကဲပြီး နေ့ (၁၁)နာရီ (၅၂)မိနစ်အချိန် စတင်မီးကူးစက် လောင်ကျွမ်းခဲ့ရာ ခရိုင်မီးသတ် လက်ထောက် ညွှန်မှူး ဦးကျော်နိုင် ဦးစီးမီးသတ်တပ်ဖွဲ့ဝင် (၃၀)ဦး၊ ပခုက္ကူမြို့မရဲစခန်းမှူး ဦးစီးတပ်ဖွဲ့ဝင် (၂၃) ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် (၃၀)ဦးနှင့် ပြည်သူ(၁၀၀)ဦး တို့မှ မြို့နယ် မီးသတ်ယာဉ် (၄)စီး၊ အမှတ် (၁၁) ရပ်ကွက် အရန်မီးသတ်ယာဉ် (၂)စီးတို့ဖြင့် ၀ိုင်းဝန်း မီးငြိမ်းသတ်ခဲ့ရာ နေ့လည် (၁၂)နာရီ (၁၅)မိနစ် အချိန် မီးငြိမ်းသွားခဲ့သည်။

 မီးလောင်မှုကြောင့် (၂၀x၁၅)ပေ သွပ်မိုးမျှောတိုင်စိုက် (အကာမရှိ)တဲ (၁)လုံး (တန်ဘိုး ၅၀၀၀/-ခန့်) ဆုံးရှုံးခဲ့သဖြင့် မီးပေါ့ဆစွာ သုံးစွဲသူ ကျော်ကျော်အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ)၂၅/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိ ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment