မကွေး ဇန်န၀ါရီ ၂၅
နေပြည်တော်တွင် ဇန်န၀ါရီ ၇ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့သော ပြည်ထောင်စု
တရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော်များ၊ ခရိုင်တရားရုံးများ၏
ဒသမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး အတွေ့အကြုံ ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနား
ကို ဇန်န၀ါရီ ၂၂ ရက်က မကွေးမြို့၊ မကွေးတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်း၌ ကျင်းပရာ
တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်း က ပြည်ထောင်စု တရားသူကြီးချုပ်နှင့်ပြည်ထောင်စုတရားလွှတ်တော်ချုပ်
တရားသူကြီးများ၏ မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဦးမြင့်သိန်း
က အသစ်ပြဌာန်း သည့် ဥပဒေများ၊ပြင်ဆင်ပြဌာန်းသည့် ဥပဒေများနှင့်ပတ်သက်၍ လည်းကောင်း၊
တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါ်နုယဉ်မှ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍
လည်းကောင်း၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးအယ်လ် တိန်းဘောမ် က တရားရုံးစီမံရေးရာ ထောက်ပံ့နှင့် ငွေစာရင်းရေးရာ လုပ်ငန်းကိစ္စရပ်များတို့ကို
လည်းကောင်း၊ ရှင်းလင်းဆွေးနွေး ခဲ့ကြကြောင်းနှင့် ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲသို့
တိုင်းဒေသကြီးတရားလွှတ်တော်မှ တရားရေး အရာရှိများ၊တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်
တရားရုံးများမှ တရားသူကြီးများ စုစုပေါင်း (၆၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း
သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment