Wednesday, January 13, 2016

ကြီးကြပ်​​ရေးအဖွဲ့ဖွဲ့စည်းခြင်းနှင့်​လုပ်​ငန်းတာဝန်​များခွဲ​ဝေညှိနှိုင်းခြင်း​ဆောင်​ရွက်


နတ်​​မောက်​        ဇန်​နဝါရီ၂
မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့နယ်​တွင်​ရပ်​ကွက်​/​ကျေးရွာအုပ်​စု(၈၀)၏ကြီးကြပ်​​ရေးအဖွဲ့ဖွဲ့စည်းခြင်းနှင့်​လုပ်​ငန်းတာဝန်​များခွဲ​ဝေညှိနှိုင်းခြင်းကိုဇန်​နဝါရီ၁ရက်​မွန်းလွဲ၁နာရီကမြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာနအစည်းအ​ဝေးခန်းမ၌ကျင်းပသည်​။
အခမ်းအနားတွင်​မြို့နယ်​အုပ်​ချုပ်​​ရေးမှူးဦး​ဌေး​အောင်​မှရပ်​ကွက်​/​ကျေးရွာများရှိအများကြည်​ညှိ​လေးစားပြီးသြဇာတိက္ကမရှိသည့်​ရပ်​မိရပ်​ဖ(၅)ဦးမှရပ်​ကွက်​သို့မဟုတ်​​ကျေးရွာအုပ်​စုအတွင်းရှိအိမ်​​ခြေစာရင်းကိုယူ၍တစ်​ဆက်​တစ်​စပ်​တည်းအစဉ်​လိုက်​ဖြစ်​​သောအိမ်​​ထောင်​စုဆယ်​စုဖွဲ့စည်းခြင်း၊အိမ်​​ထောင်​စုဆယ်​စုမပြည့်​လျှင်​ဆယ်​အိမ်​စုတစ်​စုသတ်​မှတ်​ဖွဲ့စည်းပြီးအစွန်းထွက်​ဖြစ်​လျှင်​အိမ်​​ထောင်​စုအ​ရေအတွက်​မျှတစွာပါဝင်​​သောဆယ်​အိမ်​စုနှစ်​စုကိုဖွဲ့စည်းရမည်​ဖြစ်​ပြီး၊ရပ်​ကွက်​သို့မဟုတ်​​ကျေးရွာများတွင်​အုပ်​ချုပ်​​ရေးမှူးတာဝန်​ထမ်း​ဆောင်​လိုသူများကိုအုပ်​ချုပ်​​ရေးမှူးတွင်​ပြည့်​စုံရမည့်​အရည်​အချင်း(၁၁)ချက်​ကိုရှင်းလင်း၍ရပ်​ကွက်​/​ကျေးရွာများမှ​ရွေးချယ်​ထား​သောအုပ်​ချုပ်​​ရေးမှူးသည်​အသက်​(၂၅)နှစ်​ပြည့်​ပြီးသူမှ​ရွေးချယ်​ရမည်​ဖြစ်​​ကြောင်းကိုအကျယ်​တဝန်းရှင်းလင်းစွာ​ဆွေး​နွေးခဲ့သည်​။ထို့​နောက်​တက်​​ရောက်​လာကြ​သောရပ်​ကွက်​/​ကျေးရွာများမှရပ်​မိရပ်​ဖများမှလည်းမရှင်းလင်းသည့်​အ​ကြောင်းအရာများကိုပြန်​လည်​​မေးမြန်း၍မြို့နယ်​အုပ်​ချုပ်​​ရေးမှူးမှပြန်​လည်​​ဖြေကြား​ပေးခဲ့​ကြောင်းသိရသည်​။        လှဝင်း(နတ်​​မောက်​)

0 comments:

Post a Comment